Local News: တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို နိုင်ငံခြားသားတွေ သွားလာခွင့်ကန့်သတ်

ဟိုတယ်ခရီး ၀န်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

play

 

မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့ တိုင်းဒေသကြီးရှစ်ခုက နေရာဒေသပေါင်း ၆၀ ကို ပြည်ပခရီးသွားတွေ သွားလာခွင့်မရှိတဲ့ ဒေသတွေအဖြစ် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထပ်မံကန့်သတ်ခဲ့တယ်လို့ သိရပါတယ်။

အရင်တုန်းက ခွင့်ပြုချက်တောင်းခံသွားလာဖို့ ကန့်သတ်ထားတဲ့ ဒေသတွေအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်၊ နမ့်ခမ်း၊ ချင်းရွှေဟော် အစရှိတဲ့ ဒေသတွေနဲ့ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောနဲ့ IDP Camp တွေထားရှိရာ နေရာတွေ အပါအဝင်နေရာဒေသ ၆၀ ကို သွားလာခွင့် ထပ်မံကန့်သတ်ထားတာဖြစ်ပြီး ကန့်သတ်ထားတဲ့ ဒေသတွေရဲ့စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်လိုက်တဲ့ အဆိုပါကန့်သတ်ဒေသတွေမှာ ကချင်ပြည်နယ်ထဲက ဒေသရှစ်ခု၊ ကရင်ပြည်နယ်ရှိ ဒေသရှစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသနှစ်ခု၊ တနင်္သာရီတိုင်းဒေသကြီးက ဒေသတစ်ခု၊ ပဲခူးတိုင်းဒေသကြီးက ဒေသသုံးခုနဲ့ မန္တလေးတိုင်းဒေသကြီးက ဒေသကိုးခုနဲ့ ရခိုင်ပြည်နယ်ထဲက IDP Camp တွေ အပါအဝင် ရှမ်းပြည်နယ်က  ဒေသ ၁၉ ခုပါဝင်တယ်လို့ သိရပါတယ်။

play

 

‘‘ဒီနေရာတွေအတွက် ခရီး စဉ်ရောင်းချပြီးသားလုပ်ငန်းတွေ ကတော့ အခက်အခဲတွေ၊ အ လျော်အစားတွေ လုပ်ရတာရှိပါ မယ်။ ဒါပေမဲ့ ဒီလို အညိုရောင်၊ အမည်းရောင်ဒေသတွေ ဖြစ်လာ ရင် မသွားတာ အကောင်းဆုံးပဲ။ သွားလို့ နိုင်ငံခြားသားတစ်ခုခုဖြစ် သွား ရင် နိုင်ငံ့ပုံရိပ်ကို ထိခိုက်မယ်။ ကျွန်တော်တို့ခရီးသွားလုပ်ငန်း တစ်ခုလုံး ထိခိုက်သွားနိုင်တယ်’’လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောပါတယ်။

အရင်တုန်းကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးရှစ်ခုက နေရာဒေသ ၃၄ နေရာကို ခွင့်ပြုချက်တောင်းခံ သွားလာနိုင်တဲ့ ဒေသတွေအဖြစ် သတ်မှတ်ပြီး နေရာဒေသ ၃၉ ခုကို မြို့တွင်းသွားလာခွင့်ပြုထားပြီး မြို့ပြင်သွားလာတာကို ခွင့်ပြုချက်တောင်းခံရမယ့် ဒေသတွေအဖြစ် ၂၀၁၆ ဇွန်လ ၂၇ ရက်က ထုတ်ပြန်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Source : 7DayDaily

Photos : EPA,MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ