Local News: ရည်စားကို ဆဲဆိုတဲ့သူကို ဓားနဲ့ထိုးသတ်မှု ဒဂုံဆိပ်ကမ်းမြို့နယ်မှာဖြစ်

ပြစ်မှုကျူးလွန်သူကိုလည်း ချက်ချင်းပဲ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲ စက်မှုဇုန်(၁)ထဲက ပလတ်စတစ်စက်ရုံတစ်ခုရဲ့အမျိုးသမီးအဆောင်ရှေ့မှာ ညစ်ညစ်ညမ်းညမ်းဆဲဆိုနေတဲ့ အသက်၂၈ နှစ်အရွယ်အမျိုးသားကို အဆိုပါအဆာင်မှာနေတဲ့ မိန်းကလေးရဲ့ ရည်းစားဖြစ်သူက ဓားနဲ့ ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရဲတပ်ဖွဲ့ စခန်းကနေသိရပါတယ်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၉၈)ရပ်ကွက်၊ မက္ခရာမင်းသားကြီးလမ်းမှာ နေထိုင်တဲ့ အသက်၂၅ နှစ်အရွယ် ထွန်းထွန်းနိုင်(ခ)ထွန်းထွန်းဆိုသူက ဒီဇင်ဘာလ ၂၇ ညပိုင်းမှာ အမျိုးသမီး အဆောင်ရှေ့မှာ သူ့ရဲ့ ရည်းစားဆိုသူကို ညစ်ညစ်ညမ်းညမ်း ဆဲဆိုနေတဲ့ ကျော်နိုင်ဦး (ခ)ကျော်ကြီးကို အသင့်ပါလာတဲ့ ဓားနဲ့ထိုးသတ်ခဲ့တာလို့ ဒဂုံဆိပ်ကမ်း မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဓားထိုးခံရလို့ အသက်၂၈ နှစ်အရွယ် ကျော်နိုင်ဦး (ခ) ကျော်ကြီးက ရင်ညွန့်သွေးထွက်ဒဏ်ရာ တစ်ချက်ရရှိခဲ့ကာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကို ပို့ဆောင်တုန်း သေဆုံးလို့ ပြစ်မှုကျူးလွန်သူကို ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းကနေ (ပ)၁၃၇၉/၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ နဲ့ ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ