Local News: စာရေးဆရာမကြီး ကြည်အေး အမေရိကန်နိုင်ငံမှာ ကွယ်လွန်

နွမ်းလျအိမ်အပြန်၊ ကေဖွဲ့ဆိုသီ၊ မီ၊ တမ်းတတတ်သည် စတဲ့ ဝတ္ထုတွေနဲ့ ထင်ရှားသူ ဖြစ်ပါတယ်။

play

 

အသက် ၈၇ နှစ်အရွယ် ကဗျာဆရာ၊ စာရေးဆရာမကြီး ကြည်အေးဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဒီဇင်ဘာ ၂၈ ရက် မနက် ၆ နာရီကျော်လောက်က ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

သွေးကင်ဆာရောဂါခံစားနေရတဲ့ ဆရာမကြီးဟာ နယူးယောက်ပြည်နယ်က Mount Sinai ဆေးရုံမှာ နိုဝင်ဘာလကတည်းက တက်ရောက်ဆေးကုသမှု ခံယူနေရာကနေ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဆရာမကြီးရဲ့ အမည်ရင်းဟာ မကြည်ကြည်တင်မြင့်ဖြစ်ပြီး ၁၉၂၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ စစ်ပြီးခေတ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အင်္ဂလိပ်စာ ဂုဏ်ထူးနဲ့ အောင်မြင်ပြီး တစ်နိုင်ငံလုံး အထူးချွန်ဆုံး ၁၀ ယောက်ထဲမှာ ပါဝင်ခဲ့ပါတယ်။

ဝတ္ထုနဲ့ ကဗျာ အမြောက်အများကို မြန်မာအင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားခဲ့သူဖြစ်ပြီး နွမ်းလျအိမ်အပြန်၊ ကေဖွဲ့ဆိုသီ၊ မီ၊ တမ်းတတတ်သည်၊ ကျွန်မပညာသည်၊ အပြင်ကလူ၊ ဖုန်းသက်တိုင်၊ မောင်ကိုကိုနှင့် မြနန္ဒာ စတဲ့ လုံးချင်းဝတ္ထုတွေနဲ့ ထင်ရှားသူ ဖြစ်ပါတယ်။

၁၉၆၂-၆၃ ခုမှာ တက္ကသိုလ် အင်္ဂလိပ်စာနည်းပြဆရာမအဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ ဆေးကျောင်းပြန်တက်ကာ အလုပ်သင်ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

၁၉၇၀ပြည့်နှစ် နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု ချီကာဂိုမှာ ပြောင်းရွေ့ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

Photos & Source: DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ