Local News: ထောင်သုံးလ ကျမယ့် သပြေညို

ယောက္ခမဖြစ်သူတွေက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

play

 

မြန်မာ့ရိုးလက်ဝှေ့ကစားသမား သပြေညိုဟာ ထောင်သုံးလကျခံရမှာ ဖြစ်တာကြောင့် စိန်ခေါ်ပွဲအချို့ကို ဖျက်ခဲ့ရတယ်လို့ သိရပါတယ်။

မိဘအုပ်ထိန်းမှုအောက်က အသက်မပြည့်သေးတဲ့ အမျိုးသမီးကို ခိုးယူပေါင်းသင်းမှုနဲ့ ထောင်ဒဏ်သုံးလ ကျခံစေဖို့ ဘားအံမြို့နယ်တရားရုံးက ဒီဇင်ဘာ ၂၈ ရက်နေ့က အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ မြန်မာ့ရိုးရာလက်ဝှေ့ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောထားကြောင်း The Voice ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

play

 

သပြေညိုရဲ့ဇနီးဟာ အသက် ၁၈ နှစ်မပြည့်သေးတဲ့အတွက် ယောက္ခမဖြစ်သူတွေက တရားစွဲဆိုခဲ့တာဖြစ်ပြီး တရားရုံးက ပုဒ်မ ၃၆၃ နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သပြေညိုဟာ အသက် ၁၇ နှစ်အရွယ်ရှိသူအမျိုးသမီးနဲ့ နှစ်ဆန်းပိုင်းက လက်ထပ်ပေါင်းသင်းတာဖြစ်ပြီး လက်ရှိမှာ တစ်လခွဲအရွယ် သမီးတစ်ဦး ရှိတယ်လို့ သိရပါတယ်။

Source: The Voice
Photos : The Voice,  မြန်မာ့လက်ဝှေ့၊ သိုင်းလောကသားများပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ