Local News: ဆယ်နှစ်သမီးကို သတ်ဖြတ်ပြီး သံလမ်းပေါ်စွန့်ပစ်ခဲ့တဲ့ ကျော်ကြီးကို လူသတ်၊ မူဒိန်းမှုတွေနဲ့ တရားစွဲ

၂၀၁၇ ဇန်နဝါရီ ၆ ရက်မှာ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။

play

 

နာနတ်တော ခုံးကျော်တံတားနားက ရထားသံလမ်းပေါ်မှာ အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ်ရဲ့လည်ပင်းကို ဓားနဲ့လှီးပြီးသတ်ဖြတ်စွန့်ပစ်ခဲ့တယ်ဆိုတဲ့ ကျော်ကြီး (ခ) ပြာဂ လောင်ကို လူသတ်မှု၊ မုဒိမ်းမှုတို့နဲ့ အနောက်ပိုင်းခရိုင်တရားရုံးက တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ ကျော်ကြီးကို ဒလမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပြီး အနောက်ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အပြင် မုဒိမ်းမှု ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆို အရေးယူထားတယ်လို့ ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

‘‘ပထမကတော့ လူသတ်မှု နဲ့ အမှုဖွင့်ထားတာပါ။ ဆေးစစ် စာထွက်လာတော့ မုဒိမ်းမှုကျူး လွန်ထားတာ တွေ့ရတယ်။ ဒီအတွက် ပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုတာပါ"လို့ အဆိုပါ ရဲအရာရှိက ပြောခဲ့ပြီး ကျာ်ကြီး (ခ) ပြာဂလောင် ကို ၂၀၁၇ ဇန်နဝါရီ ၆ ရက်မှာ အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက မိခင်နဲ့အတူ ပန်းရောင်းနေတဲ့ မိန်းကလေးငယ်ကို မိခင်ရဲ့ညီမဖြစ်သူရဲ့ ခင်ပွန်းဟောင်း ကျော်ကြီးက လာရောက်ခေါ်ဆောင်သွားပြီး ညပိုင်းမှာ သေဆုံးနေတဲ့ ကလေးငယ်ကို  လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေနဲ့ ရထားသံလမ်းပေါ်မှာ အလောင်းကို ခေါင်းတင် စွန့်ပစ်ထားပြီး မီးရထားစက်ခေါင်းမောင်းက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Source : 7DayDaily

Photo : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ