Local News: လျှပ်စစ်ဓာတ်အားခတွေ အပြောင်းအလဲလုပ်မယ်လို့ဆို

ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ငွေကြေးအခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

play

 

လျှပ်စစ်မီးသုံးစွဲခနှုန်းထားကိုအစိုးရက စိုက်ထုတ်ကုန်ကျခံပေးနေရတဲ့ ပမာဏများပြားနေလို့ လျှပ်စစ်ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ငွေကြေး အခက်အခဲရှိနေတာကြောင့် အပြောင်းအလဲတစ်ခု လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောခဲ့ပါတယ်။

‘‘နှစ်စဉ်ဘီလီယံပေါင်းများစွာ အရှုံးပေါ်နေရင် ကျွန်မတို့အနေနဲ့ လျှပ်စစ်ကိစ္စကိုတိုးတက် ကောင်းမွန်အောင် မလုပ်ဆောင်နိုင်ဘဲ သံသရာလည်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံစံတစ်ခုကို တည်ဆောက်ရတော့မှာ ဖြစ်ပါတယ်’’လို့ ဒီဇင်ဘာ ၂၇ ရက်မှာကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဒေါ်နီလာကျော်က ပြောပါတယ်။

play

 

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားသုံးစွဲခနှုန်းထားက တစ်ယူနစ်လျှင် ပျမ်းမျှ ကျပ် ၆၀ လောက်ပဲရှိနေပြီး အမှန်တကယ်ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ကျပ် ၁၀၀ လောက် သက်သာနေတာက နိုင်ငံတော်က စိုက်ထုတ်ကျခံပေးထားတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက တစ်နှစ်ကို ကျပ် ၄၇၀ ဘီလီယံလောက် အရှုံးပေါ်နေပြီး လာမယ့်နှစ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀ အပိုထုတ်လုပ်ဖြန့်ဝေမှာဖြစ်လို့ ဆုံးရှုံးမှုက ကျပ် ၉၀၀ ဘီလီယံခန့်ရှိလာနိုင်တယ်လို့ ဒေါ်နီလာကျော်က ပြောပါတယ်။

Source : 7DayDaily

Photos : 7DayDaily,YESC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ