Local News: ရပ်ထားတဲ့ ကားကို ဝင်တိုက်ပြီး ဆိုင်ကယ်မောင်းသူ သေဆုံး

လမ်းပြောင်းပြန်ရပ်ထားတဲ့ ယာဉ်မောင်းတို့ကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ အင်္ဂပူ မြို့မရဲစခန်းက ရဲလုပ်ငန်းတွေ လုပ်ဆောင်နေတယ်။

play

 

ရပ်ထားတဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်ပြီး ဆိုင်ကယ်မောင်းသမား သေဆုံးတဲ့ဖြစ်ရပ်တစ်ခု ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်  ဟင်္သာတ-ကြံခင်း အဝေးပြေးလမ်းမ မိုင်တိုင် ၂၄/၂ နဲ့ ၂၄/၃ အကြားမှာ ရပ်ထားတဲ့ ကားကို ဆိုင်ကယ်က ၀င်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လမ်းပြောင်းပြန်ရပ်ကာ ဝက်တင်နေတဲ့  HINO Ranger ကားကို သားအဖ ၂ ဦး မောင်းနှင်လာတဲ့  မော်တော်ဆိုင်ကယ်က ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်တဲ့ ဇင်မျိုးအောင်ဟာ ဆေးရုံအရောက်မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။

ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူနဲ့ လမ်းပြောင်းပြန်ရပ်ထားတဲ့ ယာဉ်မောင်းတို့ကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ အင်္ဂပူ မြို့မရဲစခန်းက ရဲလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Source: DVB
Photos: အင်္ဂပူမြို့မစခန်းနယ်ထိန်းအဖွဲ့

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ