Local News: အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေမူကြမ်းကို လာမယ့်လွှတ်တော်မှာ တင်မယ်

ဥပဒေကြမ်းနဲ့ပတ်သက်လို့ အသေးစိတ်မပြောနိုင်သေးဘူး။

play

 

အမျိုးသမီးတွေထံမှ ကာမလိမ်လည်ရယူပြီး လက်မထပ်တဲ့ အမျိုးသားကို အနည်းဆုံး ထောင်ဒဏ်ငါးနှစ်အထိ အရေးယူနိုင်တယ်ဆိုပြီး အွန်လိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို လာမယ့်လွှတ်တော်မှာ တင်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။

 ပြန်ကြည့်တဲ့အဆင့် မရောက်သေးဘဲ  တစ်ပုဒ်ချင်း ပြန်ကြည့်ဖို့က လာမယ့်တစ်ရက် နှစ်ရက်မှ လုပ်ဖြစ်မှာဖြစ်ပြီး ဥပဒေကြမ်းနဲ့ပတ်သက်လို့ အသေးစိတ်မပြောနိုင်သေးဘူးလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောထားတယ်လို့လည်း သိရပါတယ်။

အဆိုပါ ဥပဒေနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့က ကျင်းပတဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ အစည်းအဝေးမှာ လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်နော်သ၀ါက ‘‘အထူးသဖြင့် သက်ငယ်မု ဒိမ်းတွေမှာ ချစ်ကြိုက်ကြတယ်။ Living Together နေကြတယ်။ အဲဒီလိုနေရင်းနဲ့ အမျိုးသားက အ မျိုးသမီးကို လက်ထပ်ထိမ်းမြားခြင်းမရှိဘူးဆိုရင် ပြစ်ဒဏ်။ ပြစ် ဒဏ်ကို အနည်းဆုံး ငါးနှစ်နဲ့အ ထက် သတ်မှတ်ထားပါတယ်။ တကယ်လို့များ အမျိုးသမီးမှာ ကိုယ်ဝန်ပါရှိသွားမယ်ဆိုရင် အဲဒီ အမျိုးသားကို အနည်းဆုံး ထောင် ဒဏ်ခုနစ်နှစ်ဆိုပြီး ဒီအထဲမှာ ထည့် သွင်းထားပါတယ်။ အဲဒီအပြင်ကို လုပ်ငန်းခွင်အတွင်းမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေရှိလာမယ်ဆိုရင် ပြစ်ဒဏ်သတ်မှတ်ထားတယ်။ အမျိုးသမီးတစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်စေအောင် နောက်ကနေပြီး တကောက်ကောက်လိုက်နေမယ် ဆိုရင်၊ တိုင်ကြားမယ်ဆိုရင် ပြစ် ဒဏ်မြောက်ပါတယ်’’လို့ သတင်းထောက်တွေကို ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

Source: 7Day Daily
Photos: AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ