play

 

မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့အစည်းများအတိုင်ပင်ခံကောင်စီရဲ့ ထောက်ပံ့ရေးရေယာဉ်တွေကို  ရခိုင်ဒေသသို့ စေလွှတ်မယ်လို့ မလေးရှားအခြေစိုက်မီဒီယာတွေက ဖော်ပြနေပေမဲ့  ရေယာဉ်ဖြတ်သန်းခွင့်အတွက် မြန်မာသံရုံးကို ခွင့်ပြုချက် မတောင်းခံသေးဘူးလို့ သိရပါတယ်။

NGO အစ္စလာမ်အဖွဲ့အစည်းတွေက လုပ်နေတာဖြစ်ပြီး ဖြတ်သန်းသွားလာဖို့အတွက် သံရုံးကိုလာပြီး စာပို့ခွင့်ပြုချက်တောင်းတာတွေ မရှိသေးပါဘူးလို့  မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးဦးဇော်မြင့်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

 ရခိုင်ပြည်နယ်သို့ ထောက်ပံ့ရေးပစ္စည်းတွေပေးအပ်ဖို့ မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီ ဦးဆောင်တဲ့အဖွဲ့ဟာ သူတို့ သဘောနဲ့ ဇန်နဝါရီ ၁၀ ရက်မှာ  မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက်ခွာလာမယ်လို့ မလေးရှား အခြေစိုက် စတားအွန်လိုင်းက ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

 အမှန်တကယ် အကူအညီပေးချင်တယ်ဆိုရင် တရားဝင်ခွင့်ပြုချက်တောင်းသင့်ပြီး ကိုယ့်သဘောနဲ့ကိုယ် တိုက်ရိုက်ဝင်ရောက်ဖြန့်ဝေဖို့ စိတ်ကူးကာ ပြဿနာကို မီးထွန်းရှာချင်တယ်ဆိုရင်တော့ တူညီတဲ့ တုံ့ပြန်မှုပြုလုပ်ရမှာ ဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားတယ်လို့ သိရပါတယ်။

Source: 7Day Daily
Photos: The Ladies News Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video