Local News: တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်ရောင်းချတဲ့ စားသောက်ဆိုင်တွေကို အရေးယူတော့မယ်

အဆိုပါကာလကျော်လွန်ရင်တော့ အရေးယူမှုတွေ ဆက်တိုက်လုပ်ဆောင်မှာဖြစ်တယ်။

play

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တောရိုင်းတိရစ္ဆာန်တွေသတ်ဖြတ်ရောင်းချတဲ့ စားသောက်ဆိုင်တွေကို ၂၀၁၇ ဖေဖော်ဝါရီမှ စတင်ကာ အရေးယူတော့မယ်လို့ သိရပါတယ်။

စားသောက်ဆိုင်တွေအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေ သတ်ဖြတ်ရောင်းချတာတွေမပြုလုပ်ဖို့ ဇန်န၀ါရီအထိ ပညာပေးကာလ သတ်မှတ်ထားကာ အဆိုပါကာလကျော်လွန်ရင်တော့ အရေးယူမှုတွေ ဆက်တိုက်လုပ်ဆောင်မှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောထားတာ ဖြစ်ပါတယ်။

ပညာပေးကာလကို ၂၀၁၇ ဇန်န၀ါရီအထိလို့ သတ်မှတ်ထားပြီး ဆိုင်တွေမှာ အရေးမယူပေမဲ့ ကျန်တဲ့နေရာတွေမှာ အရေးယူနေပါတယ်လို့လည်း ပြောထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တောရိုင်းတိရစ္ဆာန် သတ်ဖြတ်ရောင်းချမှု တားမြစ်ရေးအတွက် ‘ဤဆိုင်တွင် တောကောင်သားဟင်းလျာ မရောင်းပါ’ လှုပ်ရှားမှုကိုလည်း မြို့နယ် ၃၀ မှာ လုပ်ဆောင်မယ်လို့လည်း သိရပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ