Local News: ပိုမိုကောင်းမွန်တဲ့ နေ့သစ်တွေအတွက် စိတ်ဓာတ်တွေ ပြင်ဆင်ထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရရှိလာတဲ့ အသီးအပွင့်တွေကို ခံစားကြရမှာ ဖြစ်တယ်။

play

 

လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးရဲ့ အကျိုးကျေးဇူးတွေကိုခေတ်အဆက်ဆက် ခံစားရမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ နေ့သစ်တွေအတွက် စိတ်ဓာတ်တွေ ပြင်ဆင်ကြရမှာဖြစ်ကြောင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

 ဒီဇင်ဘာ ၂၉ ရက်မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အတွက် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပခဲ့တဲ့ ကရင်အမျိုးသား နှစ်ကူးပွဲတော်အခမ်းအနားမှာ  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

play

 

 ညီညွတ်ရေးအတွက် ပြည်ထောင်စုကြီး သာယာဝပြောရေးအတွက် လုပ်မယ်ဆိုရင် နှစ်သစ်ကူးအချိန်ကာလတွေတင်မကဘဲ တစ်ရက်ချင်းတစ်ရက်ချင်းမှာ ပျိုးခဲ့တဲ့ ပျိုးပင်လေးတွေကနေပြီးတော့ ရရှိလာတဲ့ အသီးအပွင့်တွေကို ခံစားကြရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ 

ကိုယ်လုပ်သလိုပဲ ကိုယ်ခံစားရမှာဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်ထောင်စုအတွက် အင်မတန်မှ လေးလေးနက်နက်ထားရမယ့် သင်ခန်းစာလည်းဖြစ်တယ်လို့ ပြောထားပါတယ်။

Photos & Source: 7Day Daily, Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ