Local News: ဆိုင်အကူမိန်းကလေးကို လိမ္မော်သီးခိုးစားတယ်လို့ စွပ်စွဲပြီး ဆိုင်ပိုင်ရှင်က ရေနွေးပူနဲ့လောင်း

မီးဖိုပေါ်မှာတည်ထားတဲ့ ရေနွေးပူနဲ့ ရုတ်တရက်လောင်းချခဲ့တာ ဖြစ်တယ်။

play

 

မော်လမြိုင်တက္ကသိုလ်အနီး ဈေးချိုတောင်ရပ်ကွက်မှ ထမင်းဆိုင်ပိုင်ရှင်အမျိုးသမီးဟာ ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးတစ်ဦးကို လိမ္မော်သီးခိုးစားတယ်လို့ စွပ်စွဲပြီး ခန္ဓာကိုယ်ပေါ် ရေနွေးပူတွေ လောင်းချခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ဆိုင်ရှင်ဖြစ်သူ ၃၇ နှစ်အရွယ် ဒေါ်အေးအေးစိုးရောက်ရှိလာပြီး ဆိုင်တွင်းပျောက်ဆုံးသွားတဲ့ လိမ္မော်သီးတွေကို ခိုးယူတယ်လို့ ပြောဆိုပြီး မီးဖိုပေါ်မှာတည်ထားတဲ့ ရေနွေးပူနဲ့ ရုတ်တရက်လောင်းချခဲ့တာ ဖြစ်တယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦးက ပြောထားကြောင်း The Voice ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကျူးလွန်သူအမျိုးသမီးကို အမှုဖွင့်စစ်ဆေးနေပြီး သူကတော့ မလုပ်ဘူးလို့ ငြင်းဆန်နေတယ်လို့လည်း ရဲမှူးကြီးက ပြောပါတယ်။

မိန်းကလေးကို မော်လမြိုင်ဆေးရုံကြီးက အရေပြားကုသရေးဌာနမှာ တင်ပို့ကုသထားပြီး လည်ပင်း၊ရင်ဘတ်နဲ့ ခန္ဓာကိုယ်နောက်ကျောပြင်တစ်ခုလုံးက အရေပြားတွေ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

Photos & Source: The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ