Local News: လိပ်ပြာမွေးကြောင့် အရေပြားယားယံသူတွေအတွက် ပြည်ရွှေဆံတော်မှာ သနပ်ခါးနဲ့ ဆားတွေထားရှိ

အသားယားယံစေတဲ့ လိပ်ပြာတွေ ပေါ်ထွက်နေပြီး ဒေသခံတွေအကြား အရေပြားယားယံမှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

play

 

လိပ်ပြာအမွေးကြောင့် ယားယံမှုဖြစ်တဲ့အခါ  ကုသနိုင်ဖို့ ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီးမှာ သနပ်ခါးနဲ့ ဆားတွေ ထားရှိပေးထားတယ်လို့ စေတီတော်မြတ်ကြီးရှိ အလှူခံဌာန တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

လိပ်ပြာမွေးမှတစ်ဆင့်ဖြစ်တဲ့ ယားယံတာတွေကို ဆားနဲ့သနပ်ခါးရောစပ်ကာ သွေးလိမ်းတဲ့အခါ သက်သာပျောက်ကင်းနိုင်တာကြောင့် ဘုရားဖူးပြည်သူတွေအတွက်  ဒီဇင်ဘာ ၂၇ ရက်က စတင်စီစဉ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ဒေသက မြို့နယ်တွေမှာ အသားယားယံစေတဲ့ လိပ်ပြာတွေ ပေါ်ထွက်နေပြီး ဒေသခံတွေအကြား အရေပြားယားယံမှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

လိပ်ပြာကြောင့် ယားယံမှု ဖြစ်တာက အန္တရာယ် ရှိလာရင်တော့ ကျန်းမာရေးဝန်ကြီးဌာနဟာ သတင်းထုတ်ပြန်ဆောင်ရွက်နိုင်ခြေရှိပြီး  လက်ရှိမှာတော့ ဆေးသနပ်ခါးခဲ သွေးလူးတာနဲ့ ဘာမီတွန်ပါတဲ့ အရည်လေးတွေ လူးလည်း ရပါတယ်လို့ ပြည်မြို့ဒေသခံ ဆရာဝန်တစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

Source: 7Day Daily
Photos: Shoon Thansin

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ