play

 

နှစ်သစ်ကူးကာလနဲ့  ၂၀၁၇ နှစ်ဆန်းအတွင်း မြန်မာနိုင်ငံဒေသအချို့မှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေထုမတည်မငြိမ်ဖြစ်နေပြီး အချိန်အခါမဟုတ် မိုးရွာနိုင်ကာ နှစ်သစ်ကူးကာလ (ဒီဇင်ဘာ နှောင်းပိုင်းနဲ့ ဇန်န၀ါရီလဆန်း) အတွင်း ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားတာလည်း ဖြစ်ပါတယ်။

ဇန်န၀ါရီ ၂ ရက်ကနေ ၄ ရက်အတွင်း  ရှမ်း၊ ကရင်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တာ ဖြစ်ပါတယ်။  တောင်သူတွေအနေနဲ့ သီးနှံတွေကို အမိုးအကာအောက် အချိန်မီပို့ထားဖို့လည်း ဒေါက်တာထွန်းလွင်က သတိပေးပါတယ်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ အချိန်အခါမဟုတ် နေရာကွက် မိုးရွာသွန်းနိုင်ကြောင်း ဒီဇင်ဘာ ၂၉ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

Photos & Source: 7Day Daily, Tun Lwin (Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video