Local News: နှစ်သစ်ကူးညအတွက် အင်အားနှစ်ဆတိုးလိုက်တဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန

သာမန်ထက် ပိုမိုဂရုပြု ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

play

 

နှစ်သစ်ကူးညမှာ မတော်တဆထိခိုက်တာတွေကို ကုသပေးဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနမှာ ဆရာဝန်အင်အား၊ သူနာပြုအင်အားနဲ့ အခြားအကူ ၀န်ထမ်းအင်အားကို တစ်ဝက်နီးပါးတိုးမြှင့် ထားတယ်လို့  ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာန ဆေးရုံအုပ် ဒေါက်တာခင်ခင်ထွေးက ပြောပါတယ်။

‘‘တစ်ရက်မှာ ဆရာဝန် ရှစ်ယောက် ဂျူတီကျတယ်ဆိုရင် နှစ်သစ်ကူးညမှာ ၁၂ ယောက်ရှိမယ်။ ဒီလိုပဲ အကူဝန်ထမ်းနဲ့ တခြားဝန်ထမ်းတွေလည်း တိုးပြီးချထားမှာပါ။ ကုသဖို့အတွက် ဆေးဝါး ပစ္စည်းတွေ အဆင်သင့်လုပ်ဆောင် ထားပါတယ်’’လို့ ဒေါက်တာခင်ခင်ထွေးက ပြောပါတယ်။

ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှု တွေကြောင့်ဖြစ်ပေါ်လာတဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေအတွက် အဆင်သင့် ကုသမှုတွေပြုလုပ်နိုင်ဖို့ ပြင်ဆင်ထားပြီး  သာမန်အရေးပေါ်အဆင့်နဲ့ ရောက်ရှိလာသူတွေအတွက်အပြင် အစုလိုက်အပြုံလိုက် အရေးပေါ်အခြေအနေမျိုးနဲ့ ရောက်လာသူတွေ အတွက်လည်း စီမံဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

play

 

‘‘တစ်ရက်မှာ အရေးပေါ်ဌာနကို အကြောင်းအမျိုးမျိုး ကြောင့် လူနာ ငါးရာနဲ့ခြောက်ရာ ကျော်လောက်လာတယ်။ လာတဲ့ သူတိုင်းတော့ ဆေးရုံမတက်ရပါဘူး။ ထက်ဝက်လောက်သာ ဆေး ရုံတက်ရတာပါ။ နှစ်သစ်ကူးတစ် ညလုံးအတွက်တော့ သာမန်ထက် ပိုမိုအထူးဂရုပြု ပြင်ဆင်ထားပါတယ်’’လို့ ဒေါက်တာခင်ခင်ထွေးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်သစ်ကူးညက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနမှာ လူနာရှစ်ဆယ်ခန့် ကုသပေးခဲ့ရပြီး မူးယစ်ရမ်းကား ရန်ဖြစ်တာတွေနဲ့ ခိုက်ရန်ဖြစ်ပွားလို့ ထိခိုက်ဒဏ်ရာရသူ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily

သင်ရောနှစ်သစ်ကူးညမှာ အပြင်ထွက်လည်မှာလား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ