Local News: ဝက်နဲ့ကာမစပ်ယှက်တဲ့သူကို ဝက်ပိုင်ရှင်ကအမှုဖွင့်

ရာဇသတ်ကြီးပုဒ်မ ၃၇၇ နဲ့ အမှုဖွင့် အရေးယူဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

play

 

အိမ်နီးချင်းဖြစ်သူအမျိုးသားက အိမ်မှာမွေးထားတဲ့ဝက်မနဲ့ ကာမစပ်ယှက်နေတာကို အရေးယူပေးဖို့ ဝက်ပိုင်ရှင်က အမှုဖွင့် တိုင်ကြားခဲ့တဲ့ဖြစ်ရပ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်းကနေ သိရပါတယ်။

ကလေးမြို့ နတ်ချောင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် မစန်းပိုက အိမ်နောက်ဖေးမှာ အပေါ့စွန့်နေတုန်း အိမ်နီးချင်းဖြစ်တဲ့ အသက်၅၀ အရွယ်ဦးကြည်(ဘ) ဦးအုန်းခိုင်က နေအိမ်ခြံဝန်းထဲမှာ မွေးမြူထားတဲ့ တစ်နှစ်သားကျော်အရွယ် ဝက်မကို ကာမစပ်ယှက်နေတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ၀က်ပိုင်ရှင် မစန်းပိုနဲ့ ခင်ပွန်းဦးထွန်းထွန်းဝင်းတို့က အိမ်အနောက်ဖက်က နွားစာခွက်ထဲမှာ ပုန်းအောင်းစောင့်ဆိုင်းနေတုန်းမှာ ဦးကြည်က ခြံစည်းရိုးကျော်ဝင်လာပြီး ဝက်မကိုထပ်မံကာမစပ်ယှက်နေတာကို တွေ့ခဲ့ရလို့ အရေးယူပေးဖို့ မစန်းပိုက ကလေးမြို့မရဲစခန်းမှာ လာရောက်တိုင်တန်းခဲ့တာလို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ကလေးမြို့ မြို့မရဲစခန်းက (ပ) ၅၆၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၇ နဲ့ အမှုဖွင့်ပြီး ဦးကြည်ကို အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ