Local News: ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ် ၁၈ ဦးရဲ့ ငြိမ်းချမ်းရေးစကားဝိုင်း နှစ်သစ်မှာ စမယ်

နေပြည်တော်မှာ ၂၀၁၇ ဇန်န၀ါရီ ၁ ရက်မှာ ပြုလုပ်သွားမှာပါ။

play

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတစ်ရပ်ကို ၂၀၁၇ ဇန်န၀ါရီ ၁ ရက်ကျရင် နေပြည်တော်မှာ ပထမဆုံးအကြိမ်ပြုလုပ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ဒီဇင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ် ၁၈ ဦးရဲ့ စကားဝိုင်းကို ဇန်န၀ါရီ ၁ ရက် နေ့လယ် ၂ နာရီမှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2)မှာ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လူငယ်တွေနဲ့ အပြန်အလှန်ဆွေးနွေးတဲ့ စကားဝိုင်းပုံစံမျိုးဖြစ်ပြီး ငြိမ်းချမ်းရေးတစ်ခုတည်းကိုပြောမယ့် စကားဝိုင်းမဟုတ်ဘူးလို့  သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

play

 

‘‘Peace Talks ဆိုတာက အပြန်အလှန်စကားပြောမှာ။ သူ (ဒေါ်အောင်ဆန်းစုကြည်)က ပြန်မေးမှာ။ သူက သူများမေးတာတွေ ချည်းဖြေမှာမဟုတ်ဘူး။ သူသိချင် တာမေးမယ်။ အဲဒီလူငယ်တွေက ပြန်ဖြေရမယ်။ အဲဒီတော့ ကျွန်တော်တို့က ဘာလုပ်လိုက်လဲဆိုတော့ လူနည်းနည်းလေးပဲ ဖိတ်လိုက်တယ်။ လူနည်းမှလည်း အပြန်အလှန်ပြောလို့ရမှာ။ အများကြီးဆို ပြောလို့မရဘူး။ ဒါကပထမ ဆုံးပွဲပေါ့နော်။ နောက်လည်း ဒီ Talks (စကားဝိုင်း)တွေလာဦးမှာ’’လို့ ဦးဇော်ဌေးက ပြောပါတယ်။

စကားဝိုင်းကို တက်ရောက်ရမယ့် လူငယ်တွေကို ရွေးချယ်ရာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက လူငယ်များတွေနဲ့ ပူးပေါင်းပြီး လူငယ်မူဝါဒရေးဆွဲတာတွေရှိနေလို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံး ပါဝင်နိုင်အောင် ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

Source : 7DayDaily

Photo : Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ