Local News: ကျပ်ငွေ ရှစ်ဘီလီယံခန့်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ သယ်ဆောင်လာတဲ့ စက်လှေဖမ်းမိ

မေယုကျွန်းနားမှာ ကင်းလှည့်နေတဲ့ တပ်မတော်စစ်ရေယာဉ်က ဖမ်းဆီးရမိခဲ့တာပါ။

play

 

ကာလတန်ဖိုးကျပ်ငွေ ရှစ်ဘီလီယံ ပတ်ဝန်းကျင်ရှိတဲ့ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား ၄၃ သိန်းတင်ဆောင်ထားတဲ့ စက်လှေတစ်စီးကို ဒီဇင်ဘာ ၃၀ ရက် ည ၁၀ နာရီကျော်က မေယုကျွန်း(ရသေ့တောင်မြို့နယ်) မှာ ကင်းလှည့်နေတဲ့ တပ်မတော်စစ်ရေယာဉ်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

play

 

တပ်မတော်ရေမှ စစ်ရေယာဉ်တစ်စီးက ဒီဇင်ဘာ ၃၀ ရက်မှာ ကင်းလှည့်တာဝန် ထမ်းဆောင်နေတုန်းမှာ မေယုကျွန်းရဲ့ အနောက်မြောက်ဘက်ကို ရောက်ရှိတုန်းမှာ မသင်္ကာဖွယ် စက်လှေတစ်စီးကို တွေ့ရှိရလို့ မီးအချက်ပြခေါ်ယူခဲ့ရာမှာ မလာဘဲ ထွက်ပြေးခဲ့လို့ လက်နက်ငယ်နဲ့ ပစ်ခတ်ပြီးလိုက်လံဖမ်းဆီးခဲ့ရာမှာ ည ၁၀ နာရီ ၃၀ မိနစ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

play

 

ဖမ်းဆီးရမိတဲ့ စက်လှေပေါ်မှာ ပီနံအိတ်ထုပ်အကြီး ၁၈ ထုပ်ကို တွေ့ရှိခဲ့လို့ ဖွင့်ဖောက်စစ်ဆေးခဲ့ရာမှာ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး ဆေးပြား ၄၃ သိန်းကျော် သိမ်းဆည်း ရမိခဲ့ပြီး စက်လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေက စစ်တွေမြို့နယ် ကျေးတောပိုက်စိပ်ကျေးရွာနေသူ သုံးဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ လွဲပြောင်းပေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photos : State Counsellor Office Information Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ