Local News: ပြင်ဦးလွင်ပန်းပွဲတော် အရင်နှစ်တွေထက် ပိုမိုစည်ကား

လူသုံးသိန်းကျော် ၀င်ရောက်ခဲ့တယ်လို့ သိရပါတယ်။

play

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်က အမျိုးကန်တော်ကြီးဥယျာဉ်မှာ ဒီဇင်ဘာလ ၁၅ ရက်ကနေ ၃၁ရက်အထိ  ပြုလုပ်ခဲ့တဲ့ ၁၁ ကြိမ်မြောက် ပန်းပွဲတော်ကို လာရောက်လည်ပတ်သူများပြားတာကြောင့် အရင်နှစ်တွေထက် ပိုမိုစည်ကားခဲ့တယ်လို့ သိရပါတယ်။

play

 

ပြင်ဦးလွင်ပန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလမှာ ကျင်းပတာဖြစ်ပြီး ဒီနှစ်ကျင်းပခဲ့တဲ့ ပန်းပွဲတော်ဧရိယာထဲမှာ ရုပ်လုံးရုပ်ကြွတွေသွင်းပြသရာမှာ ပန်းအတုကို ၂၅ရာခိုင်နှုန်းထည့်သွင်း ပြသထားတယ်လို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှ အထွေထွေမန်နေဂျာ ဦးဝေမျိုးအောင်က ပြောပါတယ်။

play

 

“ပန်းပွဲတော်က ဒီနှစ်ကပိုပြီးစည်ကားပါတယ်။ ပြပွဲမှာ ပန်းအတုကို တက်နိုင်သမျှ နည်းအောင်ထည့်ထားပါတယ်။ ရုပ်လုံးရုပ်ကြွတွေလည်းလျော့ထားပါတယ်”လို့ ဦးဝေမျိုးအောင်က ပြောခဲ့ပြီး ပန်းမျိုးစုံတွေ ပြသထားတဲ့အပြင်  လိပ်ပြာပြတိုက်၊ အင်ကြင်းပြတိုက်၊ ရုပ်ကြွင်းပြတိုက်၊ သစ်ခွဥယျာဉ် စတာတွေကိုလည်း ပြသထားတယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့သည့်နှစ်က ဒီဇင်ဘာလ ပန်းပွဲတော်ကို လူဦးရေ နှစ်သိန်းရှစ်သောင်းဝန်းကျင်ဝင်ရောက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ သုံးသိန်းဝန်းကျင် ၀င်ရောက်ခဲ့ပြီး ထိုင်းနဲ့ တရုတ်နိုင်ငံတို့က ပန်းပွင့်အပွင့်ရေ တစ်သိန်းနှစ်သောင်းကိုလည်း ထည့်သွင်းပြသခဲ့တယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ