Local News: စာပေချစ်သူတွေ သဘောကျခဲ့တဲ့ ရန်ကုန်မြို့ရဲ့ပထမဆုံးစာအုပ်ဈေးတန်း

စာအုပ်ဆိုင်ပေါင်း ၉၀ ကျော်နဲ့ စတင်ဖွင့်လှစ်ခဲ့တာပါ။

စာပေချစ်မြတ်နိုးသူတွေအတွက် ပထမဆုံးဖွင့်လှစ်လိုက်တဲ့ ရန်ကုန်မြို့သိမ်ဖြူလမ်းထဲက စနေ၊ တင်္နဂနွေစာအုပ်တန်းကို မနေ့က စတင်ဖွင့်လှစ်လိုက်တယ်လို့ သိရပြီး စာပေချစ်သူတွေ သဘောကျနှစ်သက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီစာအုပ်တန်းစတင်ဖွင့်လှစ်တဲ့နေ့မှာ စာအုပ်ဆိုင်ပေါင်း ၉၀ ကျော်နဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး သုတ၊ ရသ၊ နိုင်ငံရေး၊ ကလေးစာပေ အစရှိတဲ့ စာအုပ်အမျိုးမျိုးကို တစ်နေရာထဲမှာဝယ်ယူရရှိနိုင်မှာဖြစ်ပြီး စာအုပ်ထုတ်ဝေသူတွေက သူတို့ထုတ်ဝေတဲ့ စာအုပ်တွေကို အထူးလျော့ဈေးတွေနဲ့ ရောင်းနေတာကိုလည်း တွေ့ရပါတယ်။

play

 

စာအုပ်အရောင်းဆိုင်အများစုက ကိုယ်တိုင်ထုတ်ဝေတဲ့ စာအုပ်တွေကိုရောင်းကြတာဖြစ်ပြီး စာအုပ်အဟောင်း အရောင်းဆိုင်တွေကို သိပ်မတွေ့ရဘဲ စနေ-တနင်္ဂနွေ စာအုပ်ဈေးလမ်းကို ဒီနှစ် သင်္ကြန်မတိုင်ခင်အထိ ဖွင့်လှစ်ရောင်းချမှာဖြစ်ပြီး နောက်နှစ်တွေမှာ မိုးရာသီအကုန် နိုဝင်ဘာလကနေ ဧပြီလကုန်အထိ နှစ်စဉ်ရောင်းချမယ်လို့ သိရပါတယ်။

ဒီစာအုပ်တန်းမှာ ဆိုင်ခန်းပေါင်း ၁၂၀ ကျော် ခန့်မှန်းထားတဲ့အတွက် စာအုပ်ရောင်းချသူတွေနဲ့ ရိုးရာထွက်ကုန်လက်မှုပစ္စည်းတွေ ရောင်းချချင်တဲ့ အရောင်းဆိုင်တွေကိုလဲ ထပ်မံ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

Source & Photo : 7DayTV

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ