Local News: ရန်ကုန် ယာဉ်လိုင်းစနစ်သစ်ပေါ် ဝေဖန်မှုများ ရှိနေ

အသိပေးကြေညာတဲ့အချိန်နဲ့ စတင်အကောင်အထည်ဖော်တဲ့အချိန် နီးကပ်လွန်းတယ်။

play

 

ရန်ကုန်မှာ အများပိုင်ဘတ်စ်ကား ပြေးဆွဲမယ့် စနစ်နဲ့ပတ်သက်ပြီး အများပြည်သူကို အသိပေးကြေညာတဲ့အချိန်နဲ့ စတင်အကောင်အထည်ဖော်တဲ့အချိန် နီးကပ်လွန်းပြီး ပြည်သူတွေကို လုံလောက်တဲ့ အသိပေးမှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ယာဉ်စီးခပိုကုန်မှာလား၊ ဘယ်ကားစီးရမှန်း မသိဘဲ ဖြစ်နေမလား၊ ဘတ်စ်ကားအစီးရေနည်းသွားပြီး ခရီးသည်များစုပြုံနေမှာလား စတဲ့ စိုးရိမ်မှုတွေလည်း ခရီးသွား ပြည်သူတွေကြား မြင့်တက်နေတယ်လို့ ပြည်တွင်း သတင်းစာကြီးတစ်စောင်မှာ ဖော်ပြထားပါတယ်။

အများပိုင်ယာဉ်လိုင်း စနစ်အသစ်ကို ဇန်န၀ါရီ ၁၆ ရက်ကစတင်ကာ လမ်းကြောင်း ၅၈ ခုနဲ့ ပြေးဆွဲမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ဇန်န၀ါရီ ၆ ရက်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

လမ်းကြောင်းကြိုသိထားမှ ကိုယ်ဘယ်လိုသွားလို့ရမလဲဆိုတာ ပြင်ဆင်ထားလို့ရမှာဖြစ်ပြီး တစ်လလောက် အလိုကတည်းကကို အသိပေးထားသင့်ပေမဲ့ အခုကအချိန်အရမ်းကပ်လွန်းတယ်လို့ အင်းစိန်မြို့နယ်မှာ ခရီးသွားပြည်သူတစ်ဦးက ပြောထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ