Local News: မိုးမိတ်မြို့က ကျေးရွာတစ်ရွာမှာ တောဆင်ရိုင်းတိုက်ခိုက်လို့ လူငါးဦးသေဆုံး

အိမ်နှစ်လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

play

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့က ကျေးရွာတစ်ရွာမှာ တောဆင်ရိုင်းဝင်ရောက်တိုက်ခိုက်လို့ လူငါးဦးသေဆုံးခဲ့ကာ အိမ်နှစ်လုံးပျက်စီးခဲ့တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

play

 

မိုးမိတ်မြို့နယ်ထဲက စင့်ကင့်ကျေးရွာမှာ တောဆင်ရိုင်းသုံးကောင်က ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက် ခဲ့တာလို့ မိုးမိတ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောခဲ့ပြီး မနက် ၁ နာရီလောက်မှာ တောဆင်ရိုင်းမိသားစုလို့ထင်ရတဲ့ ဆင်အထီးတစ်ကောင်၊ အမတစ်ကောင်နဲ့ ဆင်ပေါက်တစ်ကောင် ဝင်ရောက်လာပြီး  ရွာသားတချို့ကကြောက်လန့်ပြီး ထွက်ပြေးတုန်းမှာ ဆင်တွေက လိုက်လံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

play

 

ဆင်ရိုင်းတိုက်ခိုက်ခံရလို့ အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး အိမ်နှစ်လုံးပျက်စီးခဲ့ကာ အဆိုပါဆင်ရိုင်းမိသားစုကို တောထဲကိုပြန်ပို့နိုင်ဖို့ သစ်တောဌာန တာဝန်ရှိသူတွေက  ဆောင်ရွက်နေတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

Source : 7DayDaily

Photos : Chan Mya Aye Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ