Local News: မထသကို အများပိုင်ကုမ္ပဏီပြောင်းပြီး ယာဉ်လိုင်း ၂၈ ခုမှာ ပါဝင်ပြေးဆွဲဖို့ စီစဉ်နေ

မြို့တွင်းလမ်းကြောင်း နှစ်ခုအပါအဝင် လမ်းကြောင်း ၂၈ ခုမှာ ပြေးဆွဲခွင့်ရရှိဖို့ တင်ပြထားပါတယ်။

play

 

မထသ(ရန်ကုန်)ကို အများပိုင်ဘတ်စ်ကားကုမ္ပဏီအဖြစ်ပြောင်းလဲပြီး ခရီးသည်တင် ယာဉ်ပြေးဆွဲမှုကဏ္ဍမှာ ဆက်လက်ပါဝင်မှာဖြစ်ကာ မြို့တွင်းလမ်းကြောင်း နှစ်ခုအပါအ၀င် လမ်းကြောင်း ၂၈ ခုမှာ ပြေးဆွဲခွင့်ရရှိဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

ဇန်န၀ါရီ ၁၅ ရက်မှာ ဖျက်သိမ်းရတော့မယ့် မထသအဖွဲ့က လက်ရှိအချိန်မှာ ယာဉ်ပိုင်ရှင်တချို့နဲ့ စုပေါင်းပြီး အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းသွားမယ်လို့ မထသ (ရန်ကုန်)ဌာနမှူး ဦးမောင်မောင်လွင်က ပြောပါတယ်။

‘‘ကျွန်တော်တို့ မထသ(ရန် ကုန်)ကို ရန်ကုန်မြို့ပြအများပြည် သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီ လီမိတက်(YUPT)အဖြစ် နဲ့ပြောင်းလဲပြီး ၀န်ဆောင်မှုဆက် ပေးသွားမှာပါ။ လက်ရှိ ကျွန်တော်တို့ကုမ္ပဏီမှာ ရှယ်ယာထည့်ဝင် ပါဝင်ထားသူတွေရှိသလို ဆက်လက်ပူး ပေါင်းပါဝင်ချင်တဲ့ယာဉ် ပိုင်ရှင်တွေကို ဖိတ်ခေါ်ထားပါတယ်’’လို့ ဦးမောင်မောင်လွင်က ပြောပါတယ်။

လက်ရှိအချိန်မှာ YUPT ကုမ္ပဏီကို ရှယ်ယာငွေထည့်ဝင်ပြီး ပူးပေါင်းပါဝင်သူ ၃၅၀ ကျော်ကနေ ရှယ်ယာအစုပေါင်း ၆၈၀ ခန့်ပါဝင်ထားတယ်လို့ ဆိုပါတယ်။ ရှယ်ယာပါဝင်သူတွေက မထသလက်အောက်မှာာရှိတဲ့ ယာဉ်လိုင်းပိုင်ရှင်တွေဖြစ်ပြီး ရှယ်ယာတစ်စုကို ကျပ်တစ်သိန်းနှုန်းနဲ့ တစ်ဦးကို ရှယ်ယာ အနည်းဆုံး ၂၅၀ (သိန်း ၂၅၀)ထည့်ဝင်နေကြတယ်လို့ သိရပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ