Local News: လက်ဘက်ရည်ဆိုင်လိုက်မထိုင်တဲ့ သမက်ကို ယောက္ခမက ဓားနဲ့ထိုးမှုဖြစ်

လှိုင်သာယာမြို့နယ် ၇ ရပ်ကွက်မှာဖြစ်ပွားခဲ့တာပါ။

play

 

သမီးဖြစ်သူရဲ့အိမ်ကိုလာလည်တဲ့ ဖခင်က သူနဲ့အတူ လက်ဘက်ရည်လိုက်မသောက်တဲ့ သမက်ဖြစ်သူကို ဓားနဲ့နှစ်ချက်ဆင့်ထိုးသတ်ခဲ့တဲ့ဖြစ်ရပ် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဇန်န၀ါရီလ ၅ ရက်ညက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကြည့်မြင်တိုင်တစ်ဖက်ကမ်းက အေးရွာအလယ်ပိုင်းတွင်နေထိုင်တဲ့ ဦးစနေဆိုသူက လှိုင်သာယာ ၇ ရပ်ကွက်က သမီးဖြစ်သူ မ၀ါဝါထွန်းရဲ့ နေအိမ်ကို လည်လာရောက်လည်ပတ်တုန်းမှာ လက်ဖက်ရည်သွားသောက်ဖို့ သမီးနဲ့ သမက်ကိုခေါ်ဆိုတုန်းမှာ အသက်၂၄ နှစ်အရွယ်သမက်ဖြစ်သူ ကိုဝင်းကိုက မလိုက်လို့ စကားများရန်ဖြစ်တာကနေ ဖြစ်ပွားခဲ့တာလို့ လှိုင်သာယာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

“ယောက္ခမက ၀က်သတ်ရုံမှာ အလုပ်လုပ်တဲ့သူပါ၊ သမီးအိမ်လာလည်ရင်း သမက်နဲ့စကားများ ရန်ဖြစ်ရာက ဓားနဲ့ထိုးခဲ့တာ၊ ဓားထိုးခံရသူဒဏ်ရာက အသက်အန္တရာယ်စိုးရိမ်ရပြီး လက်ရှိအင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်”လို့ အဆိုပါရဲအရာရှိက ဆက်ပြောပါတယ်။

ဓားနဲ့အထိုးခံရတဲ့ ကိုဝင်းကိုက ညာဘက်ရင်အုံထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဘယ်ပေါင်ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ဒဏ်ရာရရှိအောင်ပြုလုပ်ခဲ့တဲ့ ဦးစနေကို ရဲတပ်ဖွဲ့က ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ လှိုင်သာယာ မြို့မရဲစခန်းကနေ သိရပါတယ်။

Source : The Vioce

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ