Local News: ရွှေဆိုင်လုယက်မှု ပိုများလာတာကြောင့် လုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးကို အကူအညီတောင်းထား

ရဲမှူးချုပ်အပါအ၀င် ရဲမှူးတွေက ရန်ကုန်တိုင်း လုံခြုံရေးအတွက်အကာအကွယ်ပေးဖို့ တောင်းဆိုထားတယ်။

play


၂၀၁၆ အတွင်း ရွှေဆိုင်တွေကို လုယက်တဲ့မှုခင်းတွေ ပိုမိုများပြားလာတာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနကို အကူအညီတောင်းခံထားရတယ်လို့ သိရပါတယ်။

ကြိုတင် ကာကွယ်လို့ရတဲ့ လိမ်လည်ရောင်းချမှုတွေ အလွန်တရာနည်းပါးပေမဲ့ လက်နက်ပြလုယက်မှုတွေဟာ ၂၀၁၆ အတွင်း တိုးပွားလာတာ ဖြစ်တယ်လို့ (၁၄)ကြိမ်မြောက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးမှာ  မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး  ဦးကျော်ဝင်းက ပြောကြားထားတာ ဖြစ်ပါတယ်။

ရဲမှူးချုပ်အပါအ၀င် ရဲမှူးတွေက ရန်ကုန်တိုင်း လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့နဲ့ နယ်မြို့တွေက ရွှေဆိုင်တွေအတွက်  ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေးတာဝန်ယူပေးဖို့ တောင်းဆိုထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၁၆ အတွင်း   ပခုက္ကူမြို့မဈေး အနောက်ဘက် ရွှေဆိုင်တစ်ဆိုင်ကို ဗိုလ်ကြီးတစ်ဦးက ၀င်ရောက်လုယက်မှု၊ ကလေးမြို့ရွှေဆိုင်တစ်ဆိုင်ကို မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးက သေနတ်ကိုင်လုယက်မှုနဲ့  ရွှေတောင်မြို့ ဈေးထဲရှိရွှေဆိုင်ကို  လုယက်မှုတို့ဟာ နာမည်ကျော် အမှုတွေ ဖြစ်ခဲ့ပါတယ်။
Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ