Local News: ဒေါ်အောင်ဆန်းစုကြည် ဇန်နဝါရီလကုန်မှာ ပုဂံကိုသွားမယ်

မိတ်ဆွေဟောင်းဖြစ်သူ ဘူတန်နိုင်ငံဘုရင့်မိဖုရားရဲ့ မိခင်မယ်တော်မိဖုရားကြီးကို လိုက်ပို့ရင်းသွားမှာပါ။

play

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ရှေးဟောင်းပုဂံယဉ်ကျေးမှုမြို့တော်က စေတီပုထိုးတွေကို ဇန်န၀ါရီတတိယပတ်မှာ သွားရောက်ကြည့်ရှုမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။

လာမယ့် ဇန်န၀ါရီလ တတိယပတ်မှာ မိတ်ဆွေဟောင်းဖြစ်သူ ဘူတန်နိုင်ငံဘုရင့်မိဖုရားရဲ့ မိခင်မယ်တော်မိဖုရားကြီးက မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့်အချိန်မှာ မယ်တော်မိဖုရားကြီးကို ဒေါ်အောင်ဆန်းစုကြည်က ပုဂံမြို့တော်ကို အလည်အပတ် ပို့ ဆောင်ရင်း လာရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

‘‘ရှေ့တစ်ပတ်ထဲမှာသွားမှာပါ။  ဘူတန်ဘုရင်မကြီး ခရီးစဉ်ရှိပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ သွားတဲ့ခရီးစဉ်လို့ သိရပါတယ်။ မယ်တော်မိဖုရားကြီးလာမှာပါ။ သူ့ကိုလိုက်ပို့ရင်းသွားမှာပါ။ ဘုရားတွေလည်း ကြည့်ရင်းပေါ့’’လို့ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ဆဲဗင်းဒေး သတင်းစာကိုပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘူတန်နိုင်ငံမှာ ကုလသမဂ္ဂ၀န်ထမ်းအဖြစ် ၁၉၇၁ ခုနှစ်ကစပြီး သုံးနှစ်ကြာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ဘူတန်ဘုရင်မိသားစု အကြံပေးနဲ့ အစိုးရအဖွဲ့ ဘာသာပြန်လုပ်ကိုင်နေတဲ့ ခင်ပွန်းလောင်း မိုက်ကယ်အဲရစ်ကနေတဆင့် ဘူတန်ဘုရင်မိသားစုနဲ့ ရင်းနှီးခဲ့တာဖြစ်ပါတယ်။

Source : 7DayDaily

Photos : Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ