Local News: အလောင်းတော်ကဿပ ဘုရားဖူးယာဉ်ချောက်ထဲကျ ခုနစ်ဦး ဒဏ်ရာရ

လူအသေအပျောက် မရှိခဲ့ပါဘူး။

play

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ ပြာပုံတောင်အဆင်း ၁၃ မိုင်မှာ ဇန်နဝါရီလ ၉ ရက် မနက်၁၀ နာရီလောက်က အလောင်းတော်ကဿပကနေ ဘုရားဖူး ပြန်လာတဲ့ ခရီးသည် ၁၂ ဦး လိုက်ပါလာတဲ့ မော်တော်ယာဉ်တစ်စီး ဘီးပေါက်ပြီး ၁၀ ပေလောက်နက်တဲ့ ချောက်ထဲကျကာ တိမ်းမှောက်ခဲ့လို့ ခရီးသည်ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကနီမြို့မ ရဲစခန်းကနေ သိရပါတယ်။

“ရတနာပုံလိုင်းက ကားအသေးမှောက်တာပါ၊ တောင်အဆင်းမှာ ဘီးပေါက်ပြီး ၁၀ ပေလောက်နက်တဲ့ချောက်ထဲကျတာ”လို့ ကနီမြို့မ ရဲစခန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

play

 

တိမ်းမှောက်ခဲ့တဲ့ ကားပေါ်မှာ လိုက်ပါလာသူတွေထဲက အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့ မုံရွာပြည်သူ့ဆေးရုံကြီးကိုတင်ပို့ကုသထားပြီး လူနာတွေက  အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဘုရားဖူးအဖွဲ့က ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ နေထိုင်သူတွေဖြစ်ပြီး ရန်ကုန်ကနေ ၄၅ ယောက်ဆံ့ အဝေးပြေးဘုရားဖူးယာဉ်နဲ့ မုံရွာမြို့ကို ရောက်ရှိလာကာ မုံရွာမြို့ကနေ တောင်တက်ကား နှစ်စီး ငှားရမ်းပြီး အလောင်းတော်ကဿပကို တစ်ညအိပ်ဘုရားဖူးပြီး ပြန်လာတုန်းမှာ မော်တော်ယာဉ် နှစ်စီးထဲက ယာဉ်ငယ်က ဘီးပေါက်ခဲ့လို့ နှစ်ပတ်လောက်လိမ့်ပြီး ချောက်ကမ်းပါးထဲကို ထိုးကျပြီးဝါးရုံပေါ်တင်နေခဲ့တာလို့ ကားမှောက်ရာမှာပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

Source : The Voice

Photos : Pho Htwe Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ