Local News: ယာဉ်ထိန်းရဲကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ ဆရာဝန်ညီအစ်ကိုနှစ်ဦးကို အမိန့်ချ

ထောင်ဒဏ်ဆယ်နှစ်နဲ့ ငါးနှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

play

 

တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ ဆရာဝန်ညီအကိုနှစ်ဦးကို မန္တလေးခရိုင်တရားရုံးက လူသတ်မှုပုဒ်မ ၃ဝ၂ (၂) နဲ့ ဇန်နဝါရီလ၁ဝ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေချမှတ်လိုက်တယ်လို့ သိရပါတယ်။

ယာဉ်ထိန်းရဲကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ ဒေါက်တာလှစိုးထွန်းကို ပုဒ်မ ၃ဝ၂ (၂) အရ အလုပ်နဲ့ ထောင်ဒဏ် ၁ဝ နှစ်၊ ညီဖြစ်သူလှမျိုးထွန်းကို ပုဒ်မ ၁၁၄ နဲ့ အလုပ်နဲ့ ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က မန္တလေးကျုံး အရှေ့ဘက် ၁၉ လမ်း မီးပွိုင့်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရာမှာ လိုင်စင်မပါလို့ ဒဏ်ကြေးဖြတ်ပိုင်းဖြတ်ဖို့ ပြောဆိုတာကနေ အစစ်ဆေးခံရတဲ့ အမျိုးသားက အစ်ကိုဖြစ်သူကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး စကားများတာကနေ ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

Source & Photos : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ