Local News: နေပြည်တော်မှာ ဝါးကားတိမ်းမှောက်ပြီး လူ ၁၃ ဦးသေ

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူတွေဟာ ကားလမ်းမရဲ့ ဝဲဘက် ချောက်အတွင်းသို့ ကျသွားတာဖြစ်ပြီး   ဆေးရုံရောက်မှ သေဆုံးခဲ့တာဖြစ်တယ်။

play

 

နေပြည်တော်ရှိ မကွေး-ကံပြားလမ်းပေါ်က  မိုင်တိုင် ကိုးမိုင်နဲ့ ငါးဖာလုံ အကြားမှာ ဇန်နဝါရီ ၉ ရက်က ဝါးကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။

ယာဉ်ပေါ်လိုက်ပါလာသူ ၃၂ ဦးမှာ  ၁၃ ဦး သေဆုံးသွားခဲ့ပြီး ဝါးကားတိမ်းမှောက်သွားခဲ့တဲ့ ချောက်ရဲ့ အမြင့်ပေဟာ ၁၅၀ ကျော်ရှိတယ်လို့ ခန့်မှန်းရကြောင်း လာရောက်ကြည့်ရှုစစ်ဆေးခဲ့တဲ့ လမ်းတံတားဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားထားပါတယ်။

play

 

မကွေးမြို့သစ်ကနေ နေပြည်တော်ကို ဝါးတွေတင်ဆောင်လာတဲ့  အဆိုပါနစ်ဆန်းဒီဇယ် ခြောက်ဘီးယာဉ်ဟာ အရှိန်မထိန်းနိုင်တာကြောင့်  နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင်းမှာ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့  ဥတ္တရသီရိမြို့နယ် နယ်မြေရဲစခန်းက သတင်းထုတ်ပြန်ထားပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူတွေဟာ ကားလမ်းမရဲ့ ဝဲဘက် ချောက်အတွင်းသို့ ကျသွားတာဖြစ်ပြီး   ဆေးရုံရောက်မှ သေဆုံးခဲ့တာဖြစ်တယ်လို့ အမှတ်(၁)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး ဥတ္တရသီရိမြို့နယ် တပ်ဖွဲ့စု (၃) မှ ယာဉ်အမှုစစ် ရဲအုပ်မောင်မောင်သိန်းက ပြောထားပါတယ်။

Source: 7Day Daily
Photos: Ko Kyaw

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ