Local News: ရွှေတိဂုံစေတီတော်ကို ရွှေပြားလှူဒါန်းဈေး တစ်ကျပ်သား ကျပ်နှစ်သိန်း တိုးမြှင့်

ဈေးနှုန်းပြောင်းလဲသတ်မှတ်ခဲ့ပေမဲ့ လှူဒါန်းသူ လျော့နည်းမသွားဘူး။

play

 

ရွှေတိဂုံစေတီတော်မှာ ရွှေပြားကပ်လှူဖို့ ရွှေတစ်ကျပ်သားကို ကျပ်နှစ်သိန်းခန့် ဈေးနှုန်းတိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ရွှေတစ်ကျပ်သား လှူဒါန်းမှုအတွက် ၆၁၀,၀၀၀ ကျပ် ကောက်ခံခဲ့ရာက ရွှေဈေးနှုန်းတက်လာပြီး၂၀၁၇ ဇန်နဝါရီ ၁ရက်မှ စတင်ကာ ရွှေတစ်ကျပ်သားကို ၈၁၀,၀၀၀ ကျပ်နှုန်းနဲ့ ဈေးနှုန်းပြောင်းလဲသတ်မှတ်ခဲ့ပေမဲ့ လှူဒါန်းသူ လျော့နည်းမသွားဘူးလို့လည်း သိရပါတယ်။

ကာလပေါက်ဈေးတွေ တက်လာတာကြောင့် ရွှေတစ်ကျပ်သားအတွက် လိုတဲ့ငွေကို ပြန်စိုက်ထည့်ပေးရပြီး အခုဈေးနှုန်းကလည်း ကာလပေါက်ဈေးထက် နည်းပါကာ အလှူရှင်တွေ လှူရတာ အဆင်ပြေမယ့် ဈေးနှုန်းသတ်မှတ်ပေးထားတာဖြစ်တယ်လို့ ရွှေတိဂုံစေတီဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

ကျပ်ခြောက်သိန်းတစ်သောင်းနှုန်းနဲ့ ရွှေပြားလှူဒါန်းမှုကို ဒီဇင်ဘာ ၃၁ ရက်အထိ ခွင့်ပြု ခဲ့တာကြောင့် အဆိုပါလအတွင်း လာရောက်လှူဒါန်းမှုဟာ အခြားလတွေထက် အနည်းငယ်များပြားခဲ့တယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily, ကျော်ဇင်သန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ