Local News: ဟိန္ဒူဘုရားကျောင်း မယ်တော်ခန်းအတွင်း ၀င်ရောက်တဲ့ အမျိုးသားကို တားမြစ်ရာက လှံနဲ့ ထိုးမှုဖြစ်

မယ်တော်ရုပ်တုလက်အတွင်းရှိ အရှည်တစ်ပေခွဲခန့်ရှိတဲ့ လှံသေးကိုယူပြီး ဘုရားလူကြီးကို ရန်ပြုခဲ့တာဖြစ်ပါတယ်။

play

 

ဟိန္ဒူဘုရားကျောင်းအတွင်းကို အတင်းဝင်ရောက်တဲ့ လူငယ်တစ်ဦးကို တားဆီးရာမှ  အသက်(၄၀)အရွယ် အမျိုးသားတစ်ဦး မယ်တော်ရုပ်တုလက်အတွင်းမှ လှံနဲ့ အထိုးခံခဲ့ရတယ်လို့ သိရပါတယ်။

တာမွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ ကာလီမယ်တော်ဘုရားကျောင်းမှာ ဇန်န၀ါရီ ၈ရက် ည ၈နာရီခွဲက ဖြစ်ပွားခဲ့တာဖြစ်ပြီး မယ်တော်ရုပ်တုထားရှိရာ အခန်းအတွင်းကို အသက်(၂၂)နှစ်အရွယ် လူငယ်တစ်ဦးက အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

အတင်းဝင်ရောက်တဲ့ အဆိုပါလူငယ်ကို ဘုရားကျောင်းလူကြီး ဦးသန်းထွန်းက ဟန့်တားတဲ့အခါ အဆိုပါလူငယ်က မကျေမနပ်ဖြစ်ကာ မယ်တော်ရုပ်တုလက်အတွင်းရှိ အရှည်တစ်ပေခွဲခန့်ရှိတဲ့ လှံသေးကိုယူပြီး ဘုရားလူကြီးကို ရန်ပြုခဲ့တာဖြစ်ပါတယ်။

 အဆိုပါဖြစ်ရပ်ကို အသက်(၄၀)အရွယ် ဦးကြည်စိုးနိုင်က ၀င်ရောက်ဟန့်တားခဲ့ရာမှာ လှံနဲ့ထိုးမိခဲ့တာကြောင့် နောက်စေ့မှာ ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဘယ်ဖက်မျက်လုံးမှာ ကုတ်ခြစ်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

လှံနဲ့ ထိုးခဲ့တဲ့ ဟိန္ဒူဘာသာဝင် လူငယ်ကို တာမွေမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၄/၅၀၆တို့နဲ့ အမှုဖွင့်ကာ စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ