မြန်မာစကားကို ဆရာမအဖြစ် ၁၈ လလောက် အလုပ်လုပ်ရင်း သင်ယူလေ့လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

မြန်မာသီချင်းကိုု နိုင်ငံခြားသားတွေ ပြန်ဆိုတဲ့အခါ မပီကလာပုံလေးဟာ ချစ်စရာကောင်းပါတယ်။ ဒီလို နိုင်ငံခြားသားတွေ ပြန်လည်သီဆိုမှုတွေဟာလည်း အမြောက်အများရှိခဲ့ပါတယ်။ ဒီထဲကမှ အမေရိကန်နိုင်ငံက ကော်လိုရာဒိုစပရင်း မြို့ရဲ့ရူခင်းတွေကို နောက်ခံထားပြီး "စိတ်ကူးလေးပါပဲ" သီချင်းကို သီဆိုသူကတော့ မြန်မာအန်ဂျီအိုအဖွဲ့အစည်းတစ်ခုမှာ ဆရာမအဖြစ်လာရောက်လုပ်ကိုင်သွားတဲ့ ဆိုဖီဒန်နီယဲလ်ဆန် ဖြစ်ပါတယ်။

ဗီဒီယိုမှာ သူမဟာ မြန်မာထမီကိုဝတ်ပြီး ချစ်စရာဟန်ပန်လေးတွေနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ ဗီဒီယိုကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘွတ်ကနေ ပြန်လည်ဝေမျှခဲ့ပြီး ကြည့်ရှုသူနဲ့ မှတ်ချက်ပေးသူ အမြောက်အများ ရှိနေတာ ဖြစ်ပါတယ်။

 

ဆိုဖီယာက မြန်မာစကားကို ထိုင်းနိုင်ငံထဲက မြန်မာအန်ဂျီအိုအဖွဲ့ဲ့အစည်းတစ်ခုဖြစ်တဲ့ “ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း” မှာဆရာမအဖြစ် ၁၈ လလောက် အလုပ်လုပ်ရင်း သင်ယူလေ့လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 "ကိုဝန ရဲ့ သီချင်းလေးကို ပြန်ဆိုထားတာချစ်စရာလေး နားထောင်လို့လည်းကောင်းတယ်" လို့ ကြည့်ရှုသူအမျိုးသမီးဦးက မှတ်ချက်ပေးခဲ့ပြီး "ချစ်စရာလေး။ acting ကလည်း မလုပ်တတ် ဝတ်ထားတာလေးတွေ လှတယ်" လု့ိလည်း မှတ်ချက်ပြုသူတွေ ရှိခဲ့ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -ဦးနှောက်ကို ပျက်စီးစေတဲ့ အကျင့် (၁၀) ခု )


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က