မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာ နှစ်ဆန်းပိုင်းကထက် နှစ်လယ်ပိုင်းတွင် အရောင်းဈေးကွက် ပိုမို ကျဆင်းလာဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။


ယခုနှစ်အတွင်း အွန်လိုင်းအိမ်ရာကဏ္ဍ အရောင်းအဝယ်ဈေးကွက်မှာ ယမန်နှစ်ကထက် ၂၅ ရာခိုင်နှုန်း နီးပါး ကျဆင်းလာကြောင်း Ads.com.mm ရဲ့ စစ်တမ်းအရ သိရပါတယ်။ အခမဲ့ ကြော်ငြာဝက်ဆိုက်ဘ်တစ်ခုဖြစ်တဲ့ Ads.com.mm က ယခုနှစ်အတွင်းကောက်ယူခဲ့တဲ့ စစ်တမ်းအရ အွန်လိုင်းအရောင်းအဝယ်ဝက်ဆိုက်ဘ်ရဲ့ အိမ်ရာကဏ္ဍမှာ မြေအရောင်းအဝယ်ဈေးကွက်ဟာ၂၀၁၅ ခုနှစ်အတွင်း အရေအတွက် ၁,၅၀၀ ခန့်ရှိခဲ့ပေမဲ့ ယမန်နှစ်မတ်လမှ ယခုနှစ် မတ်လအတွင်း ၁,၁၀၀ အထိသာ အရောင်းအဝယ်ရှိပြီး နှစ်ဆယ့်ငါးရာခိုင်နှုန်း နီးပါးအထိ ကျဆင်းခဲ့ကြောင်း တွေ့ရပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ဖြင့်  ယခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်းက ပြောင်းလဲသတ်မှတ်လိုက်တဲ့ အိမ်ခြံမြေ အခွန်နှုန်းထားကြောင့် မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာ နှစ်ဆန်းပိုင်းကထက် နှစ်လယ်ပိုင်းတွင် အရောင်းဈေးကွက် ပိုမို ကျဆင်းလာဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယ ဥက္ကဌ ဦးသန်းဦးက ပြောပါတယ်။ သို့သော် အိမ်ခြံမြေဈေးကွက်သည် စီးပွားရေးဖွံ့ဖြိုးမှုကြောင့်လည်းကောင်း ၊ စီမံကိန်းများဖြစ်ထွန်းမှုကြောင့် လည်းကောင်း၊ နိုင်ငံခြားငွေကြေးတန်ဖိုး ကျဆင်းပြီး မြန်မာ့ငွေကြေး တန်ဖိုးမြင့်တက်ခြင်းကြောင့်လည်းကောင်း အိမ်ခြံမြေဈေးကွက် မြင့်တက်လာနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ထားပါတယ်။

 

“မြေဈေးကွက်တွေကျပြီး အရောင်းအဝယ်ကလည်း အေးနေပါတယ်။ ရှေ့ဆက်ပြီး ဈေးထပ်ကျဦးမယ် လို့ထင်ပါတယ်။ အွန်လိုင်းကနေ အိမ်ခြံမြေတွေကို အရောင်းအဝယ်လုပ်တာက ပိုပြီးထိရောက်မှုရှိတယ်။ ဘာပဲဖြစ်ဖြစ် အရောင်းအဝယ်မရှိရင်တောင် ဈေးနှုန်းတွေ သိရတယ်လေ” လို့ မြေကွက်အရောင်းအဝယ်နဲ့ ပတ်သတ်ပြီး မုံရွာမှာရှိတဲ့ အိမ်ခြံမြေ အရောင်းအဝယ်ကိုယ်စားလှယ် ကိုအောင်က ဆိုပါတယ်။ အိမ်ခြံမြေ ဈေးကွက်တွင် မြေယာဈေးကွက်သာ ကျဆင်းခဲ့ပြီး အိမ်ခန်းအဌားနဲ့ တိုက်ခန်းများ ဈေးနှုန်းမှာမူ လျော့ကျမှုမရှိကြောင်းလည်း Ads.com.mm ဝက်ဘ်ဆိုက်ရဲ့ စစ်တမ်းအရ သိရပါတယ်။

 

Share

Loading Next Article...
က္က