စင်ကာပူ နိုင်ငံ Nanyang Institute of Management (NIM) ကနေ ပေးအပ်မယ့် မေလကျောင်းဖွင့်ချိန်အတွက် ပညာသင်ဆုကို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ပညာသင်ထောက်ပံ့ကြေးပေးအပ်မယ့် ဘာသာရပ်တွေက Diploma in Tourism & Hospitality Management, Diploma in Management ဘာသာရပ်အတွက် စင်ကာပူ ဒေါ်လာ ၇၀ဝ နဲ့ Postgraduate Diploma in Hospitality Management ဘာသာရပ်အတွက် စင်ကာပူ ဒေါ်လာ ၁၂၀ဝ ပေးအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။လျှောက်ထားလိုသူတွေဟာ အင်္ဂလိပ်စာ လိုအပ်ချက်အနေနဲ့ IELTS 5.5 ရရှိထားဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံက ၁၀ တန်း အောင်မြင်ထားပြီး အင်္ဂလိပ်စာနဲ့ သင်္ချာ အမှတ် ၇၀ ရာခိုင်နှုန်းနဲ့ အထက်ရှိသူတွေ၊ IGCSE A Level ဖြေဆိုအောင်မြင်ထားပြီး အင်္ဂလိပ်စာနဲ့ သင်္ချာ Grade B ရရှိ ထား တဲ့ကျောင်းသူကျောင်းသားတွေ အတွက် Diploma in Construction Engineering ဘာသာရပ် tution grant စင်ကာပူဒေါ်လာ ၂၀ဝ၀ ရယူနိုင်တယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံက အင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရထားတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ Postgraduate Diploma in Engineering Management ဘွဲ့ကို NIM ကျောင်းမှာ ခြောက်လသာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

အဆိုပါခြောက်လအတွက်က မေလကျောင်းဖွင့်ချိန်အမီ လျှောက်ထားတဲ့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ tution grant စင်ကာပူ ဒေါ်လာ ၂၀ဝ၀ ရရှိမှာ ဖြစ်ပါတယ်။ Master of Business Administration တက်ရောက်လိုတဲ့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ tution grant စင်ကာပူ ဒေါ်လာ ၃၀ဝ၀ ကို မေလ ကျောင်းဖွင့်ချိန်အမီ လျှောက်ထားရမှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက STUDY ABROAD ပညာရေးဆိုင်ရာ ဝန် ဆောင်မှုလုပ်ငန်း ဖုန်းနံပါတ် ဝ၉ ၅၁၅၁၀ဝ၈၂ နဲ့ ဝ၉ ၇၃၂၄၂၄၀၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Source: Kumudra,   မေသော်တာမောင်, STUDY ABROAD Information Centre

Share

Loading Next Article...
က္က