လူငယ်တွေကလည်း ငါတို့အလှည့်ကျရင် ဘယ်လိုပိုကောင်းအောင် လုပ်မယ်ဆိုတာမျိုး ရင်ထဲဝင်သွားရင် တန်ပြီလို့ထင်တယ်။
 

 ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့  ဘာသာပြန်စာပေစာတမ်းဖတ်ပွဲနှင့်နွေရာသီစာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှာ  ဧပြီ ၂၉ ရက်က စတင်ကျင်းပနေတယ်လို့ သိရပါတယ်။

အဆိုပါ ပွဲတော်ကို ဧပြီ ၂၉ ရက်မှ မေလ ၁ ရက်အထိ သုံးရက်ကြာ ပြုလုပ်မှာဖြစ်ပြီး စာတမ်းရှင် ၁၅ ဦးက ဘာသာပြန်စာပေနဲ့ပတ်သက်တဲ့ စာတမ်းတစ်စောင်စီ ဖတ်ကြားမှာဖြစ်ပါတယ်။

‘‘ဘာသာပြန်စာပေက မြန် မာစာပေဖွံ့ဖြိုးတိုးတက်ရေးအ တွက် အများကြီးအထောက်အကူ ပြုတယ်။ အရင်အစဉ်အဆက်က လည်း တော်တော်ကြီးအထောက် အကူပြုခဲ့တယ်။ ရှေ့ကိုလည်း အများကြီးလိုအပ်နေတယ်။ ဘာသာပြန်စာပေထွန်းကားရင်  မြန်မာ စာပေတိုးတက်မယ်။ မြန်မာလူမျိုးတွေရဲ့ အသိပညာအများကြီး ဖွံ့ဖြိုးတိုးတက်စေမယ်’’လို့  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

 

ဘာသာပြန်စာပေဟာ ၁၉၇၀ ခန့်မှာ အလွန်ထင်ရှားခဲ့ပေမယ့်လည်း  ကြားကာလတွေမှာ မှေးမှိန်ခဲ့ကာ ဘာသာပြန်စာတမ်းဖတ်ပွဲကို  ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ကြောင်း စာတမ်းရှင်ဒေါက်တာအောင်ကြီးက ပြောကြားထားပါတယ်။

‘‘ဒီပွဲတော်လာတက်ပြီးတော့ ပညာရှင်တွေ ဒီလိုလေ့လာထားတယ်၊ ဒီလိုပြောသွားတယ်၊ ဒီလိုဖြေသွားတယ်ဆိုတာကို လူငယ် လေးငါးဆယ်ယောက်လောက် ရင်ထဲရောက်သွားရင်ကို တန်ပြီလို့ ထင်တယ်။ လူငယ်တွေကလည်း ငါတို့အလှည့်ကျရင် ဘယ်လိုပိုကောင်းအောင် လုပ်မယ်ဆိုတာမျိုး ရင်ထဲဝင်သွားရင် တန်ပြီလို့ထင်တယ်’’လို့လည်း ဒေါက်တာဖေမြင့်က ပြောကြားထားပါတယ်။

စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အဆောက်အအုံ ပထမထပ်နဲ့ မြေညီထပ်တွေမှာ စာအုပ်အဟောင်းဆိုင်ခန်း ၁၅ ဆိုင်နဲ့ စာအုပ်အသစ်ဆိုင်ခန်း ၈၀ ကျော်က စာအုပ်တွေကို ဈေးနှုန်းလျှော့ချပြီး ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။

Photos & Source: 7Day Daily


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က