Local News: နေပြည်တော်မှာကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်မြောက်မွေးနေ့ အခမ်းအနား

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

play

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၂ ) နှစ်ပြည့် မွေးနေ့အခမ်းအနားကို ဒီနေ့ (ဇွန်လ ၁၉ ) ရက်မနက်ပိုင်းက နေပြည်တော် ၊ လွှတ်တော်ဝန်းထဲက I-12 ဆောင်မှာ ကျင်းပခဲ့ပြီး မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို နိုင်ငံတော်သမ္မတဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်၊ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် တို့အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

play

 

နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲအခမ်းအနားကို ရန်ကုန်၊ မန္တလေးနဲ့ ပြည်တို့လို မြို့ကြီးတွေအပါအ၀င် ကျန်ပြည်နယ်နဲ့တိုင်းက မြို့နယ်တွေမှာလည်း ကျင်းပခဲ့ပြီး အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်း၊ ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနဲ့ အလှူဒါနပြုတာတွေလည်း ရှိခဲ့ပါတယ်။

play

 

ဒါ့အပြင် ဒီကနေ့ပြုလုပ်ခဲ့တဲ့ မွေးနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာအလုပ်လုပ်နေတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေကို မွေးနေ့ကိတ်တွေခွဲဝေပေးခဲ့တယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily

သင်စိတ်ဝင်စားနိုင်သည့် ဆက်စပ်သတင်း ( ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ