Local News: တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းတွေ ထုတ်လို့ရပြီ

ဒီနေ့ (ဇွန်လ ၁၉ ရက်)ကနေစပြီး ထုတ်ပေးနေတာပါ။

play

 

၂၀၁၇ ခုနှစ် မတ်လဆန်းက စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရမှတ်စာရင်းတွေကို ဒီနေ့ (ဇွန်လ ၁၉ ရက်)ကနေစပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဇွဲကပင်ဆောင်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့နဲ့ နေပြည်တော် ရုံးအမှတ်(၅၂) တို့မှာ ထုတ်ယူနိုင်ပြီလို့ သိရပါတယ်။

play

 

ဒီလို အမှတ်စာရင်းတွေထုတ်ယူရာမှာ အမှတ်စာရင်းတောင်းခံလွှာနဲ့ တံဆိပ်ခေါင်းဖိုးအတွက် ကျပ် ၄၀ဝ ပေးသွင်းရမှာဖြစ်ကာ ပျမ်းမျှအနေနဲ့ တစ်မိနစ်အတွင်း ကျောင်းသားနှစ်ဦးရဲ့အမှတ်စာရင်းကို ထုတ်ပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

play

 

အမှတ်စာရင်းထုတ်ယူသူတွေ သတင်းအချက်အလက် ပွင့်ပွင့်လင်းလင်း မြင်သာမှုရှိဖို့ အမှတ်စာရင်းထုတ်ယူမှုနဲ့ပတ်သက်တဲ့ ကြေညာချက်တွေကို ကပ်ထားမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။

Source & Photos : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ