Duwun Talks ဆွေးနွေးပွဲကို Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
Sponsored bylogo

စွန့်ဦးတီထွင်အောင်မြင်မှုနဲ့  လူမှုကွန်ယက်မားကတ်တင်းဆိုတဲ့ ခေါင်းစဉ်နဲ့ Duwun Talks စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင်လ ၂ ရက်နေ့က Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


 

Duuwn Talks ဆွေးနွေးပွဲမှာ Zenith Group of Companies ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဒေါက်တာသိန်းနိုင်၊ Make-up Artist & Blogger (Yangon In My Heart) နဲ့ UNT Studio ရဲ့ Co-Founder မဝင်းမင်းသန်း ၊ KL Seven Car Sales Centre တည်ထောင်သူ နဲ့ MAMDA (Yangon) ရဲ့ဒုဥက္ကဌ ကိုကြည်သာဟန်တို့က အဓိကပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ယနေ့အသုံးများလာတဲ့ လူမှုကွန်ယက်ပေါ်ကို အသုံးချပြီး စွန့်ဦးတီထွင် လုပ်ငန်းတွေအပါအဝင် ကိုယ့်ရဲ့လုပ်ငန်းတွေကို ဘယ်လိုချဲ့ထွင်အောင်မြင်စေမလဲဆိုတဲ့ အချက်ကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။

 

စွန့်ဦးတီထွင်တစ်ယောက်ဖြစ်ဖို့ အဓိက လိုအပ်ချက်

 

ဒေါက်တာသိန်းနိုင်

 

အောင်မြင်တဲ့ လုပ်ငန်းကိုဦးဆောင်နေတဲ့ စွန့်ဦးတီထွင်သမားတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ချက် ပြတ်သားဖို့က အရေးကြီးပါတယ်။ လုပ်ငန်းစတင်ချိန်မှာ ဆုံးဖြတ်ချက် မပြတ်သားရင် ရှေ့ဆက်ဖို့ခက်ခဲသွားနိုင်ပါတယ်။ ဆုံးဖြတ်ချက်ချပြီးရင်တော့ ရည်ရွယ်ချက်စိတ်ကူးကို စတင်အကောင်အထည် ဖော်ရမှာဖြစ်ပြီး နောက်ဆုံးအရေးကြီးတာက ကျွန်တော်ပြောနေကြစကားအတိုင်း Never Give Up လို့ပြောရပါလိမ့်မယ်။ နေ့စဉ်စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကတော့ အမြဲတွေ့နေမှာပါပဲ။

 

မဝင်းမင်းသန်း

 

ကိုယ့်ရဲ့ လုပ်ငန်း ဆက်လည်ဖြစ်တည်မှုဖို့ဆိုတာ ဝါသနာတစ်ခုတည်းနဲ့ ရပ်တည်လို့ မရပါဘူး။ ဝါသနာပါဖို့သာ အဓိကလို့ တွေးတတ်ကြပါတယ်။ ဒါမေယ့် ဝါသနာရယ်၊ ပင်ကိုယ်အရည်အသွေးရယ် ကိုက်ညီရင်တော့ အကောင်းဆုံးပါ။ အချိန်(ကာလ)ရယ်၊ (နေရာ)ဒေသရယ်၊ ပယောဂရယ် ပေါင်းပြီး ကံ၊ ဉာဏ်၊ ဝိရိယ လိုက်လာမှလည်း ဖြစ်မှာပါ။ ဒီနေ့ခေတ်က ဉာဏ်ကိုအများဆုံး အသုံးပြုတဲ့ ခေတ်လည်း ဖြစ်နေပါတယ်။ ဝါသနာတိုင်းကို ဝမ်းစာအဖြစ်ရွေးချယ်လို့လည်း မရပါဘူး။ ဝါသနာဟာ ကိုယ်တကယ်တတ်မြောက်တဲ့ ဝမ်းစာဖြစ်နေရင်တော့ အကောင်းဆုံး ဖြစ်လာမှာပါ။

ကိုကြည်သာဟန်

 

တချို့လူငယ်တွေက အိပ်မက်တွေချည်းမက်နေတာမျိုးရှိတယ်။ အိပ်မက်တွေအများကြီးရှိနေပြန်ရင်လည်း မကောင်းဘူးပေါ့နော်။ ရည်မှန်းချက်ခိုင်မာဖို့လိုပါတယ်။ ကိုယ့်ရဲ့ ဂုဏ်သတင်းကောင်းဖို့ကလည်း လိုတယ်ပေါ့လေ။ အဓိက အချက်ကတော့ ဇွဲမလျှော့ဖို့ပါပဲ။

 

လုပ်ငန်းအတွက် လူမှုကွန်ယက်ကို အသုံးချနည်း

 

မဝင်းမင်းသန်း

ဒီနေ့ခေတ်မှ ဥပမာ အလှကုန်ပစ္စည်းတွေဆိုရင်  တီဗီမှာ ကြော်ငြာတဲ့ အမှတ်တံဆိပ်က အတော်ရှားသွားပါပြီ။ အကုန်လုံးက လူမှုကွန်ယက်ကို အပြည့်အဝ အားကိုးလာကြတာ တွေ့ရပါတယ်။ ဆိုလိုချင်တာကတော့ လူမှုကွန်ယက်တစ်ခုတည်းနဲ့တောင် ရပ်တည်လို့ရပါတယ်။ မြန်မာပြည်မှာဆို အင်တာနက်သုံးတဲ့သူတွေထဲမှာ ဖုန်းနဲ့သုံးတာ ၉၈ ရာခိုင်နှုန်းတောင်ရှိပါတယ်။ ဆိုတော့ ဖေ့စ်ဘွတ်က အင်တာနက်ဖြစ်နေတာပေါ့။ ပထမဆုံး စလုပ်သာ လုပ်ကြည့်လိုက်ဖို့က အဓိကပါပဲ။ 

 

ကြည်သာဟန်

 

Social မီဒီယာရဲ့ အကျိုးက အများကြီးရှိပါတယ်။ ကျွန်တော်ဆိုရင် မထင်မှတ်ပဲ လူမှုကွန်ယက် သုံးရင်းကနေ အခုဆို အရေးကြီးတဲ့ အလုပ်ဆိုရင် ကျွန်တော့် personal အကောင့်ကနေပဲ တင်တယ်။ အဲဒါက အများကြီးထူးခြားပါတယ်။ အကျိုးရှိရှိအသုံးချဖို့တော့ လိုတာပေါ့နော်။

 

ဒေါက်တာ သိန်းနိုင်

 

ဆိုရှယ်မီဒီယာမာကတ်တင်းမှာ ကျွန်တော်မြင်တာကတော့ နှစ်ပိုင်းပေါ့နော်။ Products marketing နဲ့ personal branding ပေါ့။ Products marketing ကတော့ရှင်းပါတယ်။ ကုန်ပစ္စည်းကို ထိုးဖောက်ကြော်ငြာတာပေါ့။ personal branding လည်း ကောင်းကောင်းအသုံးချနိုင်ရင် ကောင်းမှာပါ။

 

Speaker တွေရဲ့ဆွေးနွေးပွဲပြီးတဲ့နောက်မှာ စကားဝိုင်းတက်ရောက်လာတဲ့ ပရိသတ်တွေရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားတဲ့ အစီစဉ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ Duwun Talks စကားဝိုင်းဆွေးနွေးပွဲကို Chivas The Vanture က အဓိကကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က