Local News: လှည်းတန်းခုံးတံတားအောက် စကိတ်စီးသူတွေကို လူ ၂၀ ခန့်က ဝင်ရောက်ရိုက်နှက်

နှစ်ယောက်ကတော့ ဦးနှောက်နဲ့ အာရုံကြောမှာ စစ်နေတယ်။

play

 

ကမာရွတ်မြို့နယ် လှည်းတန်း ခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းမှာ စကိတ်စီးလေ့ကျင့်နေတဲ့ လူငယ်ငါးဦးကို အမျိုးသား ၂၀ ကျော်က ဝင်ရောက် ရိုက်နှက်တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရိုက်နှက်ခံရတဲ့ အမျိုးသားငါးဦးဟာ ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီခန့်က စကိတ်စီး လေ့ကျင့်နေတုန်းမှာ  အမည်မသိအမျိုးသား ၂၀ ခန့်က ဝိုင်းဝန်းရိုက်နှက်တာဖြစ်ပြီး ရိုက်နှက်သူ အမျိုးသားတွေထဲမှ အသက်(၁၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကမာရွတ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောကြားထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

‘‘ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် စံရိပ်ငြိမ်ဂမုန်းပွင့်မှာ ရုပ်ရှင်ကြည့်ဖို့ ထွက်လာတာပါ။ ရုပ်ရှင်ချိန်မမီလို့ လှည်းတန်းစင်တာ ရောက်လာတယ်။ အဲဒီမှာ အသိအစ်ကိုတစ်ယောက် စကိတ်စီးတဲ့ကောင်တွေ မနေ့က ငါ့ကိုပြဿနာရှာထားတယ်။ သွားရိုက်မယ် လိုက်ခဲ့ပြောလို့ လိုက်သွားတာပါ။ အားလုံး အယောက်နှစ်ဆယ်ကျော်လောက်တော့ ရှိတယ်။ ကျန်တဲ့သူတွေတော့ ဘယ်ကသူတွေလည်း မသိပါဘူး’’ လို့ ဖမ်းဆီးရမိသူ (၁၈)နှစ်အရွယ်အမျိုးသားကပြောထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ တောင်းပန်စာကို လက်ခံရရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်)

play

 

‘‘ကလေးတွေ အရိုက်ခံရတယ်သိမှ ရဲစခန်းရောက်တာပါ။ နှစ်ယောက်ကတော့ ဦးနှောက်နဲ့ အာရုံကြောမှာ စစ်နေတယ်။ ကျန်တဲ့သုံးယောက်တော့ ဘာမှမစိုးရိမ်ရဘူးလို့သိရတယ်။ မိထားတဲ့တစ်ယောက်ကိုလည်း စကိတ်စီးတဲ့သူတွေ ဝိုင်းဖမ်းထားတာပါ။ ဆေးစာရမှ အမှုဖွင့်လို့ရမယ်ဆိုလို့ အခု ည ၉ နာရီအချိန်ထိ အမှုမဖွင့်ရသေးပါဘူး’’ လို့လည်း စကိတ်စီးအသင်းဥက္ကဋ္ဌ ကိုလွင်လတ်က ပြောကြားထားပါတယ်။

‘‘ကျွန်တော်တို့ ကလေးတွေ ခဏခဏအရိုက်ခံရတယ်။ ရဲစခန်းသွားတိုင်လည်း ဒဏ်ရာကြီး ကြီးမားမား မရတဲ့အတွက် ဒီအတိုင်း ကျေအေးလိုက်တယ်။ ဒီတစ်ခါတော့ တော်တော်ထိသွား တယ်။ မနေ့ကတော့ ဒီအတိုင်းစကိတ်လာစီးတဲ့ ကလေးတစ် ယောက်နဲ့ စကားများလို့ ဝင်တော့ ဖြေရှင်းပေးလိုက်တယ်။ သူဟုတ်၊ မဟုတ်တော့ သေချာမသိရသေး ပါဘူး’’ လို့လည်း  စကိတ်စီးအသင်းမှ ကိုရဲဇော်ကလည်း  ပြောကြားထားပါတယ်။

Source: 7Day Daily
Photos: Lso Maung Maung, tylin.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ