Local News: မုန်တိုင်းနှစ်လုံးကို သတိထားဖို့ မိုးလေဝသပညာရှင်တွေထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

play

 

တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ Talas အပူပိုင်းမုန်တိုင်းက ဇူလိုင် ၁၈ ရက်မှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံကို ဝင်ရောက်နိုင်ပြီး ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့  လေဖိအားနည်းရပ်ဝန်းကလည်း မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန်ထားပါတယ်။

Talas အပူပိုင်းမုန်တိုင်းက ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသကို ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်းမှာဖြတ်ကျော်ခဲ့ပြီးရက်ပိုင်းအတွင်း ရှမ်းပြည်နယ်ပါဝင်တဲ့ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေကို ဦးတည်ရွေ့လျားလာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ရှင်းပြပါတယ်။

‘‘ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက် မှာ ကုန်းတွင်းမုန်တိုင်းအဖြစ်နဲ့ မြန်မာပြည်ဘက်ကို ဝင်လာနိုင် တယ်။ အဲဒီလိုဝင်လာရင် ဘင်္ဂ လားပင်လယ်အော်က လေဖိအား နည်းရပ်ဝန်းလည်း ပိုအားကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်။ ဒီရက်တွေမှာ ရှမ်းပြည် နယ်အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ မိုးနဲ့လေသတိထားရမယ်’’လို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

Talas အပူပိုင်းမုန်တိုင်းက ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်တုန်းမှာ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း အောက်ပိုင်းဒေသတွေမှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ခန့် တိုက်ခတ်နိုင်ပြီး နေရာကွက် မိုးကောင်းနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

Source : 7DayDaily

Photos : U Tun Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ