Local News: နိုင်ငံရေးမျိုးဆက်များပါတီ ခြောက်လအတွင်း မှတ်ပုံတင်မယ်

ပါတီမှတ်ပုံတင်ဖို့ လိုအပ်တဲ့ ပါတီဝင်တစ်ထောင် အလုံအလောက်ရှိနေပြီလို့ ဆိုပါတယ်။

play

 

၈၈ မျိုးဆက်တွေ အပါအ၀င် နိုင်ငံရေးမျိုးဆက်များပါဝင်မယ့် ပါတီကို လာမယ့် ခြောက်လကနေ ကိုးလအတွင်း ပါတီမှတ်ပုံတင်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

ဇူလိုင် ၁၅ နှင့် ၁၆ ရက်က သင်္ဃန်းကျွန်းမြို့နယ်ကျိုက္ကဆံ ဓမ္မပီယကျောင်းတိုက်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးအခမ်းအနားအပြီးမှာ သတင်းမီဒီယာ တွေကို ဦးကိုကိုကြီးက အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ပါတီမှတ်ပုံတင်ဖို့ လိုအပ်တဲ့ ပါတီဝင်တစ်ထောင် အလုံအလောက်ရှိပေမယ့် အဆိုပါပါတီဝင် အင်အားကို တစ်နေရာတည်းက မဟုတ်ဘဲ နယ်ပယ်အသီးသီးမှာ ပျံ့နှံ့ပြီးပါဝင် လာစေဖို့ လုပ်ဆောင်နေကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

လောလောဆယ်မှာ ပါတီဝင်တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားပြီး ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ သူတစ်ပါးကို ထိခိုက်ပြောဆိုတာ ရှောင်ရှားဖို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် အပြုအမူ အပြောအဆိုတွေကို ရှောင်ရှားဖို့ စည်းကမ်းသတ် မှတ်ထားကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

ပါတီမှတ်ပုံတင်ရန် လိုအပ်တဲ့ ပါတီမူဝါဒ၊ ဖွဲ့စည်းပုံတို့ကို အကြမ်းရေးဆွဲထားပြီး ပါတီဝင်လိုသူတွေရဲ့ သဘောတူညီမှုရရှိထားကာ ပါတီမှတ်ပုံတင်ပါက ထပ်မံအတည်ပြုချက်ရယူမယ်လို့   နိုင်ငံရေးပါတီဖြစ် မြောက်ရေးကော်မတီဝင်ဦးမင်း ဇေယျက ပြောပါတယ်။

Source : 7DayDaily

Photo : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ