play

 

တုပ်ကွေးရောဂါမဖြစ်ပွားဖို့ ကြိုတင်ထိုးနှံရမယ့် ကာကွယ်ဆေးက ဒီနှစ်အတွက် မရရှိနိုင်တော့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ (Seasonal Flu, A/ H1N1 2009) ကူးစက်မှုမရှိစေဖို့ ကာကွယ်ဆေးတွေ ကြိုတင်ထိုးနှံဖို့ လိုအပ်နေပေမယ့် အဆိုပါကာကွယ်ဆေးတွေက ပြည်ပနိုင်ငံတွေကနေ အကန့်အသတ်နဲ့ မှာယူနေရတာဖြစ်လို့ အခုအချိန်မှာ ဆေးဝါးလိုအပ်ချက် ဖြစ်လာတာလို့ ဆိုပါတယ်။

play

 

‘‘ကာကွယ်ဆေးက ထိုးဆေး ရှိတယ်။ တစ်နှစ်တစ်ခါထိုးရ တယ်။ မြန်မာပြည်ကို ဝင်နေတဲ့ ကာကွယ်ဆေးက ပြတ်နေတယ်။ ကာကွယ်ဆေးက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဗိုင်းရပ်စ်အမျိုးအစား ပေါ်မူတည်ပြီးတော့ နိုင်ငံခြားက ကာကွယ်ဆေးထုတ်တဲ့ဆီမှာ ပိုပြီးထုတ်လုပ်ရတယ်။ အဲဒါက ကန့်သတ်ချက်ရှိတယ်။ ဒါကိုမှာမှ ထုတ်ပေးတာပါ’’လို့ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။

တုပ်ကွေးကြိုတင်ကာကွယ်ဆေးက ရာသီတုပ်ကွေးဗိုင်းရပ်စ် H3N2 အတွက် ထုတ်လုပ်ထားတဲ့  ဆေးတစ်မျိုးဖြစ်ပြီး ရာသီတုပ်ကွေး (Seasonal Flu, A/ H1N1 2009) အတွက် သီးသန့် ကာကွယ်ဆေးမရှိသေးဘူးလို့ ရန်ကုန်တိုင်း လုပ်ငန်းခွင်ကျန်းမာရေးဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာသန်းထွဋ်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးထဲက ပုဂ္ဂလိကအဆင့်မြင့်ဆေးရုံကြီးတွေမှာ ဆေးဝါးပြတ်လပ်မှုတွေရှိနေပြီး ထပ်မံရရှိဖို့ ခက်ခဲနေဦးမှာဖြစ်တယ်လို့  ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

Source : 7DayDaily

Photos : Gazeta,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video