AD
AD
AD
play

 

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဖြစ်နေတဲ့  ကြက်တွေသေဆုံးမှု ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ဗိုင်းရပ်စ်ပိုးကြောင့်လို့  မြို့နယ်တိမွေးကုဌာန ဦးစီးမှူး ဒေါက်တာသိန်းဇော်မင်းက ဒီဗွီဘီသတင်းကို အတည်ပြုပြောပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ကတည်းကစပြီး ထားဝယ်မြို့နယ်ထဲကကြက်မွေးမြူရေးခြံတွေမှာ ကြက်တွေအများအပြားသေဆုံးနေလို့ ကြက်သေ နမူနာတွေကို ရန်ကုန်မြို့က ဓာတ်ခွဲခန်းကိုပေးပို့ စစ်ဆေးခဲ့တာကနေ ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ်ပိုး ဖြစ်ပွားနေတာကို သိရတာပါ။

“အဖြေရပါပြီး H5N1 ပါ။ ကြက်တွေ ဒီနေ့ထပ်ပြီးသေတာရှိပါတယ်။ ဟိုတနေ့က သေတဲ့ ဒေါက်တာ မောင်နီခြံရဲ့ဘေးမှာရှိတဲ့ ခြံပေါ့နော်။ ဒီခြံတွေမှာ ထပ်ပြီးတော့ နည်းနည်းထပ်သေတာပေါ့။ အရေအတွက် အားဖြင့်တော့ ၁၀ ဂဏန်းပေါ့။ ကာကွယ်ရေးကတော့ ကျနော်တို့ ဒီရောဂါဖြစ်တဲ့ ခြံတွေကို ကြက်ဥ၊ ကြသား ထိန်းချုပ်ထားတာပေါ့နော်။ ရောင်းချခွင့်တွေ၊ နောက်တခါ မြို့နယ်တွင်းမှာရှိတဲ့ ဈေးအားလုံးကို ကြက်ဥ၊ ကြက်သား ရောင်းချခွင့်တွေပိတ်ထားတယ်” ဒေါက်တာဇော်မင်းသိန်းက ပြောပါတယ်။

ဒီနေ့မှာလည်း ထားဝယ်မြို့မှာ ကြက်တွေထပ်မံသေဆုံးမှုတွေရှိနေပြီး ရောဂါမပြန့်ပွားအောင် ကာကွယ်တဲ့အနေနဲ့ ဈေးတွေမှာလည်း ကြက်ဥ၊ ကြက်သား ရောင်းချခွင့် ပိတ်လိုက်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ သူ့အလိုလို သေဆုံးတဲ့ ကြက်ကောင်ရေ ၂ ထောင်ကျော်ရှိခဲ့ပြီး တိမွေးကုဌာနက  ရောဂါပြန်ပွားမှုမရှိအောင် ခြံထဲမှာကျန်တဲ့ကြက်တွေကို ရှင်းလင်းခဲ့ကာ ရောဂါဖြစ်တဲ့ကြက်တွေကို မြေမြုပ်ပစ်ခဲ့တယ်လို သိရပါတယ်။

Source & Photos : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD