AD
AD
AD
play
တုပ်ကွေးရောဂါနဲ့ သေဆုံးသူစုစုပေါင်း ၆ ဦးရှိလာပါပြီ။

 

ရာသီတုပ်ကွေး H1N1 ရောဂါလူနာရှင်တွေကို အရေးပေါ်ကူးစက်ရောဂါတွေကုသဖို့ ရည်ရွယ်ထားတဲ့  ဝေဘာဂီဆေးရုံကြီးမှာ ကုသမှုပေးဖို့ ရွေးချယ်ထားတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

ဆေးရုံကြီးတွေမှာ H1N1 ရောဂါလက္ခဏာရှိတယ်လို့ သံသယရှိတဲ့ လူနာတွေကိုတိုင်းကျန်းမာရေးမှူး၊ တိုင်းကုသရေး ဦးစီးမှူးနဲ့ ဆေးရုံအုပ်ကြီးတို့ တိုင်ပင်ဆွေးနွေးကာပြီး ဝေဘာဂီဆေးရုံကို တင်ပို့ကုသသွားမှာဖြစ်ကာ ဆေးရုံဝန်ထမ်းအင်အား၊ တပ်ဆင်ထားတဲ့ စက်ကိရိယာ အခြေအနေနဲ့ အရေးပေါ် ထပ်ရောက်လာမယ့် လူနာတွေကိုကုသပေးဖို့အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်သွားမယ်လို့ ဆိုပါတယ်။

“အခုလောလောဆယ်ဖြစ်ပွားနေတဲ့အနေအထားကိုကုသဖို့ဆေးဝါးတွေ ရှိပါတယ်။ ဒါတွေနှင့်ပတ်သက်ပြီအသေးစိတ်ကို ထုတ်ပြန်ကြေညာပေးပါမယ်။ အခုကုနေတဲ့အနေ အထားက တိုးတက်ပါတယ်”လို့ ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

ဝေဘာဂီဆေးရုံမှာ ကုသမယ့် အနေအထားကို ဇူလိုင်လ ၃၀ ရက်မှာ ရန်ကုန်မြို့၊ သူနာပြုတက္ကသိုလ်မှာ ပြုလုပ်မယ့် H1N1 ကာကွယ်ကုသရေးဆိုင်ရာ အမျိုးသားအဆင့်အစည်းအဝေးမှာ WHO အပါအဝင် ပြင်ပကျန်းမာရေးနဲ့ ဆေးပညာရှင်များ၊ သမားတော်များ၊ ဆေးတက္ကသိုလ်ပါမောက္ခများ၊ ဝန်ကြီးဌာန တာဝန်ရှိသူတွေက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Source : The Voice

Photos : Mizzima,7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD