play
လိုက်ထရပ်နောက်ဖွင့်ကားများနေရာတွင် အစားထိုးပြေးဆွဲမည့် ကျောင်းကားများကို တွေ့ရစဉ်။

 

ရန်ကုန်တိုင်းထဲမှာ ကျောင်းကားများပြေးဆွဲနေတဲ့ လိုက်ထရပ် သြဂုတ်မှာ စတင်ရပ်ဆိုင်းရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

‘‘ဆရာတို့ပြောထားတာ သုံးလတစ်ဖြတ်၊ သုံးလတစ်ဖြတ်သွား မယ်ပေါ့။ ကျောင်းဖွင့်တာ ဇွန်လ ဆိုတော့ ဇူလိုင်၊ သြဂုတ်ဆို သုံးလ ပြည့်ပြီ။ သြဂုတ်လောက်ဆို လိုက် ထရပ်တွေ စဖျက်ရမယ်။ ဒီဇင်ဘာဆိုနောက် တစ်ဖြတ်ပေါ့”လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

ကျောင်းကားတွေကို  ဖြတ်သိမ်းရမယ်ဆိုပေမယ့် ရက်အတိအကျကို ဖြေကြားတာမရှိဘဲ လာမယ့်နှစ်မှာ ကျောင်းကားဥပဒေကို စတင်ပြဋ္ဌာန်းမှာဖြစ်လို့ ဥပဒေ ပေါ်ပေါက်လာပါက နောက်ဖွင့်ကားတွေနဲ့ ကျောင်းကားပြေးဆွဲတာကို ဥပဒေနဲ့ ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။

‘‘နောက်နှစ်ကတော့ သေ ချာတယ်။ ဒီလိုက်ထရပ်တွေ မရှိ တော့ဘူး။ နိုင်ငံတော်ဘက်က လည်း ကျောင်းသားဥပဒေပေါ် ထွက်လာမှာဆိုတော့ ပြောချင် တာက နောင်ဆိုရင်တော့ လိုက် ထရပ်တို့၊ ဘာတို့လို နောက်ဖွင့် ကားတွေက ကျောင်းကားလုပ်လို့ မရတော့ဘူး။ ဥပဒေအရပေါ့။ ဘေးကင်းလုံခြုံမှုရှိတဲ့ ကျောင်း ကားစနစ်နဲ့ အစားထိုးမှာပါ’’လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video