AD
AD
AD
play

 

ဇူလိုင်လ ၂၇ ရက်က နေပြည်တော်ပြန်ကြားရေး ဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်နဲ့ သတင်းမီဒီယာသမားတွေ တွေ့ဆုံပွဲက နှစ်ဖက်သဘောတူညီချက်ရဖို့ တွေ့ဆုံဆွေနွေးတဲ့ပွဲမဟုတ်ဘူးလို့  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောလိုက်ပါတယ်။

ဒီဆွေးနွေးပွဲ ပြီးဆုံးချိန်မှာ ရလဒ်တစ်စုံတစ်ရာ မပေါ်ထွက်လာဘူးလို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဦးအောင်လှထွန်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

play

 

“ဒီနေ့ဆွေးနွေးပွဲကတော့သူ့ဘက်က အမြင်၊ ကိုယ့်ဘက်က အမြင်တွေကိုပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်တော့ရခဲ့တယ်။ သဘောတူညီချက် တစ်စုံတစ်ရာတော့မထွက်ခဲ့ ဘူး၊ ဒီတိုင်းပဲသူ့ရဲ့ စိတ်ပူပန်မှု၊ ကိုယ့်ရဲ့ စိတ်ပူပန်မှု၊ ကိုယ့်ရဲ့ ရှုမြင်မှုတွေကိုအပြန်အလှန်လွတ်လပ်စွာ ပြောခွင့်ရတဲ့ပွဲလို့ပဲ ပြောလို့ရပါတယ်”လို့  မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက်အထွေထွေ အတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ သတင်းမီဒီယာသမားတွေကို မတရားအသင်း ဥပဒေ ၁၇ (၁)၊ ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ ) ဖြင့်တရားစွဲဆိုနေမှုနဲ့ စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်တွေသုံးစွဲမှုနဲ့ ပတ်သက်ပြီး အကျယ် တဝင့်ဆွေးနွေးခဲ့ကြပြီး ပုဂ္ဂလိကမီဒီယာတွေ ရှင်သန်ရပ်တည်နိုင်ဖို့ စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 တပ်မတော်နဲ့ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် မိဒီယာအဖွဲတွေ တွေ့ဆုံပွဲမှာ မီဒီယာအဖွဲ့ ၁၂ ဖွဲ့ တက်ရောက်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။

Source & Photos : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD