AD
AD
AD
play

 

ရန်ကင်းကလေးဆေးရုံကြီးမှာ ကလေးအလောင်းတစ်လောင်းကို ပိုင်ရှင်မဲ့ကလေးအလောင်းနဲ့ မှားယွင်းသမီးသင်္ဂြိုဟ်ခဲ့တဲ့ ဖြစ်ရပ် ဇူလိုင်လ ၂၇ က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ရန်ကင်း ကလေးဆေးရုံကြီး ရေခဲတိုက်မှာ ပိုင်ရှင်မဲ့ ကလေးငါးလောင်းနဲ့ ပိုင်ရှင်ရှိ ကလေးတစ်လောင်းထားရှိတာကနေ ပိုင်ရှင်မဲ့အလောင်းကို မီးသင်္ဂြိုဟ်ဖို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ကျည်စုသုသာန်ကို ပို့ဆောင်တဲ့အချိန်မှာ ပိုင်ရှင်ရှိ ကလေးအလောင်းကို မှားယွင်းမီးသင်္ဂြိုဟ်မိခဲ့တာဖြစ်ပါတယ်။

play

 

မူဆယ်မြို့ကနေ သွေးရောဂါနဲ့ဆေးကုသမှု လာရောက်ခံယူခဲ့တဲ့ ကလေးငယ်က ရန်ကင်းဆေးရုံကြီးမှာ ဇူလိုင် ၂၅ ရက်က သေဆုံးခဲ့ပြီး ပိုင်ရှင်က သွားထုတ်တဲ့အချိန်မှ မှားယွင်းပါသွားခဲ့တာကို သိရတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆဲဗင်းဒေးသတင်းစာက ရန်ကင်းဆေးရုံအုပ်ကြီးကို ဇူလိုင် ၂၈ ရက်က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ဘူးလို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD