AD
AD
AD
play
ရာသီတုပ်ကွေးကူးစက်ခံရသူ ၅၀ ဦးအထိရှိနေပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး Seasonal In-fluenza A (H1N1) Pdm (2009) ရောဂါဖြစ်ပွားမှုကို အဆင့် (၃) အဖြစ် သတ်မှတ်ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

‘‘WHO ကတော့ အဆင့် သတ်မှတ်ချက်မရှိဘူး။ ဆရာတို့ အနေနဲ့ အဆင့် (၃) သတ်မှတ် ထားတယ်။ လူအချင်းချင်းကူးရင် တော့ အဆင့် (၃) သတ်မှတ်တယ်။ ဒါကလည်း ရောဂါပျံ့နှံ့မှုအပေါ် မူတည်ပြီး သတ်မှတ်တာပါ။ အခုတိုင်းနဲ့ပြည်နယ် အကုန်မဖြစ် သေးဘူး။ ၁၁ ခု လွတ်နေသေး တယ်’’လို့ ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

WHO အဖွဲ့က ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်းမာရေးပြဿနာများအပေါ် အဆင့်သတ်မှတ်ရာမှာ အဆင့်ခြောက်ခုအထိရှိပြီး အဆင့် (၁)၊ (၂) က တိရစ္ဆာန်တွေမှာပဲ ကူးစက်တတ်ပြီး အဆင့်(၃)က လူလူချင်း ကူးစက်တတ်တာပါ။ အစုလိုက်အပြုံလိုက် (ကပ်အသွင်) ဖြစ်ပွားရင် အဆင့် (၄) လို့ သတ်မှတ်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးစက်ရင် အဆင့် (၅) သတ်မှတ်ကာ တစ်ကမ္ဘာလုံးကူးစက်မယ်ဆိုရင်တော့ အဆင့် (၆) သတ်မှတ်ထားပါတယ်။

play

 

‘‘အဆင့် (၄) ဆိုရင် ကျောင်း တွေ ဘာတွေ ပိတ်ရပြီ။ ရုံးတွေ ပိတ်ရမယ်။ အရေးပေါ်အခြေအ နေ ကြေညာရမယ်။ အဆင့် (၅) ဆိုရင်တော့ ကမ္ဘာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးတယ်။ အဲဒီလိုဆိုရင် အဲဒါအဆင့် (၆) ဖြစ်ပြီ။ ခရီးသွား တာတွေ ရပ်မယ်။ လေယာဉ်တွေ ရပ်မယ်။ အကုန်လုံးရပ်မယ်။ အခု ကျွန်တော်တို့က အဆင့် (၃) လောက်ပဲရှိပါသေးတယ်။ အရေးပေါ် ကျန်းမာရေးပြဿနာအဆင့် (၄) မဖြစ်သေးပါဘူး’’ လို့ ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အချက်အလက်တွေ အရ ဇူလိုင် ၁၉ ကနေ ၂၇ ရက် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ လူနာ ၅၀ ဦးကို ဆေးကုသမှုပေးခဲ့ပြီး ၃၀ ဦးမှာ ရာသီတုပ်ကွေး (H1N1) ပိုးတွေ့ရှိပြီး ခြောက်ဦးသေဆုံးထားပါတယ်။

Source : 7DayDaily

Photos : DVB.7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD