AD
AD
AD
play
ပဲသွေးမှာ အမဲသွေး ၉၅ ရာခိုင်နှုန်း ပါဝင်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ရောင်းချနေတဲ့ ပဲသွေး ၉၅ ရာခိုင်နှုန်းက သုံးစွဲခွင့်မပြုထားတဲ့ ဖော်မယ်လင် အသုံးပြုထားတာကို တွေ့ရကြောင်း တိုင်းအစိုးရအဖွဲ့က ဇူလိုင် ၂၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

‘‘စစ်ဆေးတဲ့ဈေးတွေတိုင်းမှာ တွေ့တဲ့ ပဲသွေးတွေက ဖော်မယ်လင် အသုံးပြုထားတာကို တွေ့လို့ ပင်ရင်းတွေအထိ လိုက်စစ်ဆေးနေပါတယ်။ တွေ့တဲ့ ပင်ရင်းတွေကိုတော့ ပိတ်သိမ်းအရေးယူမှုတွေ လုပ်နေတယ်။ တချို့ပင်ရင်းတွေကတော့ ပိတ်ပြီးရှောင်နေတဲ့အတွက် သတင်းရဖို့ ခက်ခဲနေတယ်’’လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဖြိုးမာန်သက်ဦးက ပြောပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ဈေးကွက်ထဲက အစားအသောက်များကို နမူနာဝယ်ယူ စစ်ဆေးချက်တွေအရ သိရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ ပဲသွေးထုတ်လုပ်တဲ့ လုပ်ငန်းတွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးနေပြီး ဖော်မယ်လင် အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိတဲ့ လုပ်ငန်းကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းပြီး ထပ်မံစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပဲသွေးတွေက အမဲသွေးနဲ့ ပြုလုပ်တဲ့ စားသောက်ကုန်တစ်ခုဖြစ်ပြီး စည်ပင်သာယာရေးကော်မတီကို ခွင့်ပြုချက် တရားဝင်တောင်းခံကာ ထုတ်လုပ်နေတဲ့ လုပ်ငန်းတစ်ခုမဟုတ်တဲ့အပြင် သုံးစွဲဖို့ ကန့်သတ်ထားတဲ့ ဓာတုဆေးပစ္စည်းတွေကို သုံးစွဲနေတာ ဖြစ်ပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD