AD
AD
AD
play

 

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်က ကြိုတင်အကွက်ချ စီစဉ်ဆောင်ရွက်ခဲ့တာလို့ ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့် ဓူဝံ ကို ပြောပါတယ်။

"ဒီနေ့မနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ချုပ်ရမန် သုံးရက်ယူသွားတယ်လို့ သိရတော့ အစောဆုံးရုံးထုတ်မယ့်ရက်က လာမယ့် ကြသာပတေးနေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ကျနော်တို့နှစ်ဖက်တွေ့ပြီး ကိုဆွေဝင်းအစား ခုခံကာကွယ်ပေးမယ့် ဥပဒေအကျိုးဆောင်အဖွဲ့ နာမည်စာရင်းတင်သွင်းပေးဖို့ ရှိပါတယ်။ အဲဒီနေ့မှာတော့ အမှုစစ်ဖို့မရှိဘူး၊ အဲဒီရုံးချိန်းမှာ အာမခံလျောက်ထားဖို့ စီစဉ်ထားပါတယ်"လို့ ဦးခင်မောင်မြင့်က ကိုဆွေဝင်းအမှုကိစ္စဆောင်ရွက်နေတဲ့ အခြေအနေကို ပြောပြခဲ့ပါတယ်။

play

 

ကိုဆွေဝင်းအမှုကို လာမယ့် ၂ ရက်နေ့မှာ မဟာအောင်မြေတရားရုံးမှာ ရုံးထုတ်ပြီး တရားစွဲဆိုမယ့်ကိစ္စကို မန္တလေးအမှတ် ၇ ရဲစခန်းက ရဲအုပ်ကိုကျော်သူနဲ့တိုင်ပင် စီစဉ်ထားပြီးဖြစ်ပေမယ့် အခုလို ရုတ်တရက်အဖမ်းခံခဲ့ရတာက မရိုးသားဘူးလို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

" အာမခံရခဲတဲ့ ပုဒ်မဖြစ်လို့ ဥပဒေနဲ့အညီရင်ဆိုင်ရမှာဖြစ်တဲ့အတွက် လုပ်စရာရှိတာလုပ်တာတွေလုပ်ဖို့ သွားတာကို ရုံးက ဘန်ကောက်မှာရှိတာ အတည်မပြုဘဲ ဖမ်းဆီးလိုက်တာက ဦးဆွေဝင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းမီဒီယာနဲ့ ပတ်သတ်တဲ့ ဂုဏ်သိက္ခာ၊ နောက်တချက်က ဒီအမှုမှာ ပေါ်လွင်နေတဲ့ ဦးဆွေဝင်းရဲ့ ခုခံချေပချက်တွေက အင်မတန်အားကောင်းနေတော့ ဦးဆွေဝင်းရဲ့ ဂုဏ်သိက္ခာပုံရိပ်ကို တရားခံပြေးအဖြစ် ဖော်ဆောင်နိုင်ဖို့ အကွက်ချစီစဉ်တယ်လို့ မြင်ပါတယ်။ ဥပဒေပညာအမြင်အရ ကြည့်ရင် ရိုးဖြောင့်တဲ့လုပ်ရပ်တစ်ခုတော့မဟုတ်ဘူး၊ တမင်အကွက်ချ စီစဉ်တယ်တယ်လို့ မြင်ပါတယ်လို့" ဦးခင်မောင်မြင့်က ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD